25 C
Yangon

ကလေးမြို့ ထွေအုပ်ရုံးနှင့် ဒကစ၊ ထောက်ပို့တပ်များအတွင်းသို့ လက်နက်ကြီးများဖြင့် PDF-Kalay ပစ်ခတ်တိုက်ခိုက်၊ စစ်သား အနည်းဆုံး ၅ ဦး သေဆုံး၊ ကိုးတောင်ဘို့နှင့် မြို့လှ တိုက်ပွဲများတွင် စစ်သား ၆ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

Must read

ရန်ကုန်၊ ဧပြီ ၁၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ခရိုင်ထွေအုပ်ရုံး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ထောက်ပို့တပ်များအတွင်းသို့ ယနေ့ ဧပြီလ ၁၃ ရက် ယနေ ၅ နာရီ ဝန်းကျင်တွင် PDF – Kalay က ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား အနည်းဆုံး ၅ ဦး သေဆုံးကြောင်း PDF – Kalay က သတင်းထုတ်ပြန်သည်။

တောင်ဇလပ်ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် အနည်းဆုံး ၅ ဦး သေဆုံးနိုင်ကြောင်း၊ ဒကစ (ကလေး) နှင့် ထောက်/ပို့ တပ်ဝန်းများအတွင်းသို့ တိုက်ခိုက်မှုတွင် စစ်သား ထိခိုက်သေဆုံးစာရင်းကို ကနဦး မသိရှိရသေးကြောင်း ထုတ်ပြန်ထားသည်။

ယနေ့ တိုက်ခိုက်မှုသည် ယမန်နေ့က PDF – Kalay တပ်ရင်း ၃ စခန်းဝင်ရောက်စီးနင်းခံရခြင်းကို လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း PDF – Kalay က ဆိုသည်။

အလားတူ ကချင်ပြည်နယ် ရွှေကူမြို့မှ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာသော စစ်ကောင်စီစက်လှေ ၁ စီးကို ကချင်ဒေသ PDF – မြို့လှ တပ်ခွဲ ၃ က စောင့်ကြိုပစ်ခတ်တိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရှိရသည်။

အဆိုပါ စက်လှေတွင် တပ်ရင်းမှူး ၁ ဦးနှင့် စခန်းမှူး ၁ ဦး လိုက်ပါလာပြီး အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်သည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာတွင် စခန်းချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကိုးတောင်ဘို့တော်လှန်ရေးအင်အားစုက ယနေ့ နံနက် ၃ နာရီခွဲမှ ၄ နာရီခွဲအထိ ၁ ကြိမ် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ၁ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတ်လကုန်မှ စ၍ ကိုးတောင်ဘို့ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားကြောင်း နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၆ ရက် ကြာမြင့်နေပြီဖြစ်ကြောင်း၊ ဧပြီလ ၉ ရက်နေ့ တိုက်ခိုက်မှုတွင် စစ်သား ၆ ဦး သေဆုံးကြောင်း ကိုးတောင်ဘို့တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article