ရန်ကုန်၊ ဧပြီ ၁၄
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နှင့် ကံပေါက်ဒေသများတွင် အကြမ်းဖက် စစ်အာဏာရှင် လက်အောက်၌ ကျင်းပသည့် သင်္ကြန်ပွဲတွင် ပြည်သူများက ပါဝင်ခြင်းမပြုဘဲ အသံတိတ်သပိတ်ဖြင့် ဆန္ဒပြနေကြသည်ကို ယနေ့ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့တွင် တွေ့မြင်ရသည်။
ကံပေါက်ဒေသ မြို့ပေါ် (၁၀) ရပ်ကွက်တွင် အကြိုနှင့် အကျနေ့များ၌ ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များ တစ်ခုမျှပင် မရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။