25 C
Yangon

လမ်းမတော်မှာ ပစ်သတ်ခံလိုက်ရတဲ့ ဗိုလ်မှူး ကုဋေဖြိုးအောင် မကျွတ်လွတ်ဘဲ ခြောက်လှန့်မှုရှိပြီး ထွေ/အုပ် ဝန်ထမ်းတွေ ကြောက်လန့်နေ

Must read

ရန်ကုန်၊ ဧပြီ ၁၄

ရန်ကုန်တိုင်း၊ လမ်းတော်မြို့နယ်မှာ ဧပြီလ ၁၀ ရက်နေ့ ပစ်သတ်ခံလိုက်ရတဲ့ ဗိုလ်မှူးကုဋေဖြိုးအောင် ကျွတ်လွတ်မှု မရှိဘဲ ခြောက်လှန့်မှုတွေ ရှိနေတဲ့အတွက် လမ်းမတော် ထွေ/အုပ်ဝန်ထမ်းတွေ ကြောက်လန့်နေတယ်လို့ ထွေ/အုပ်ဝန်ထမ်းအသိုင်းအ၀ိုင်းထံမှ သိရပါတယ်။

အသက် ၃၆ နှစ်ရှိနေပြီဖြစ်တဲ့ ဗိုလ်မှူးကုဋေဖြိုးအောင်ကို ဧပြီလ ၁၂ ရက်နေ့မှာ သဂြိုလ်ပြီးစီးခဲ့ပြီဖြစ်ပြီး သူပုံမှန်ရုံးတက်တဲ့ ထွေ/အုပ်ရုံးမှာ အနံ့ပေးတာတွေ၊ ဝန်ထမ်းတွေကို အိပ်မက်ပေးတာတွေ၊ သူ့ထိုင်ခုံ ရုံးခန်းမှာ ပုံမှန်မဟုတ်တဲ့ ပစ္စည်းလွတ်ကျတာတွေ စတဲ့ မကျွတ်လွတ်ဘဲ ခြောက်လှန့်မှုတွေ ရှိနေတာလို့ သိရပါတယ်။

လမ်းမတော်ထွေ/အုပ်ဝန်ထမ်းတွေအနေနဲ့ ဗိုလ်မှူးကုဋေဖြိုးအောင် ရုတ်တရက် ပစ်သတ်ခံရလို့ သေဆုံးမှု လိုမျိုး ကြုံရမှာကို ကြောက်လန့်တဲ့အပြင် PDF တွေ နောက်တစ်ကြိမ် လာပြီး ဗုံးခွဲမှာ ပစ်ခတ်မှာကိုလည်း ကြောက်လန့်လို့ ရုံးမတက်ချင်ကြတော့ဘူးလို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်တွင် ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်း ဗိုလ်မှူး ကုဋေဖြိုးအောင် ပစ်သတ်ခံရပြီး ထွေအုပ်စာရေး ၂ ဦး ဖြစ်တဲ့ စိုင်းအောင်အောင်ဇော်(၈ ရပ်ကွက် စာရေး) နဲ့ မြို့နယ် ထွေအုပ်ရုံးစာရေးအကူ မျိုးသန့်ဇော်တို့လည်း ကျည်ထိမှန်ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။

ဗိုလ်မှူးကုဋေဖြိုးအောင်က DSA အပတ်စဉ် (၄၈) ဆင်း ရုရှားပြန် ကွန်ပျူတာဘွဲ့ရအရာရှိတစ်ဦးဖြစ်ပါတယ်။ အရင် တပ်ထိန်း မှုခင်းဖော်ထုတ်ရေးတပ် (လှိုင်) နဲ့ တပ်ထိန်းချုပ်ရုံး (နေပြည်တော်) တို့မှာ တာဝန်ကျခဲ့သူဖြစ်ပြီး ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်းလွှတ်တော်တွင် တပ်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

မိခင်က ကျောင်းအုပ်ဆရာမကြီး အငြိမ်းစားဖြစ်ပြီး ဖခင်ကတော့ သာမန်တောင်သူဖြစ်ပါတယ်။ ဇနီးကတော့ ဂျပန်မှာ ရေဒီယိုသတင်းဌာနတစ်ခုမှာ အကြီးတန်းအရာရှိတစ်ဦးဖြစ်ပြီး သားတစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

ဓာတ်ပုံ- ဧပြီလ ၁၂ ရက်နေ့တွင် သဂြိုလ်လိုက်သည့် ဗိုလ်မှူးကုဋေဖြိုးအောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article