30 C
Yangon

ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၀ ကျော် သေဆုံးသည့်အပြင် စစ်တပ်ဗိုလ်မှူး၊ ဗိုလ်များ အပါအဝင် စစ်သားများအရှင် ဖမ်းဆီးရမိ ၊ လက် နက် ခဲယမ်းများလည်း သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဧပြီ ၁၄

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်PDF ပူးပေါင်းတပ်များက ဧပြီလဆန်းပိုင်းတွင် ဝင်ရောက်ထိန်းချုပ်ပြီးနောက် စစ်တပ်က လေကြောင်းဖြင့် အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကာ စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးကြောင်း၊ ဗိုလ်မှူး၊ ဗိုလ်များအပါအဝင် စစ်သားများအရှင်ဖမ်းမိမှုများရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ပင်လည်ဘူး PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်များက မြို့ပြင်ထွက်၍ ထိုးစစ် ဆင်လာချိန်တွင် KIA နှင့် PDF တပ်များက မြို့တွင်းသို့ ဝင်ရောက် ထိန်းချုပ် လိုက်ကြောင်း၊ ယင်းနောက် မြို့တွင်းတွင် တိုက်ပွဲအကြီး အကျယ် ဖြစ်ပွားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ဧပြီလ ၁၀ ရက်နေ့တွင် ပင်လည်ဘူးမြို့ပေါ်မှ ပြန်လည် ဆုတ်ခွာ ခဲ့ကြောင်း PDF သတင်းရင်းမြစ်က ပြောဆိုသည်။

“ဒီကောင်တွေက ကုန်းလမ်းက မလာရဲတော့ လေကြောင်းအဓိက တိုက်တာ။ ကောလင်း- ပင်လည်ဘူး လမ်းပိုင်းမှာက PDF တွေထိန်းချုပ်ထားပြီး စောင့် ကြို တိုက်ခိုက်မှာကို စကစ ဘက်က စိုးရိမ်နေတယ်။ စစ်တပ်ဘက်က လူတွေ ကို အရှင်ဖမ်းဆီးရထားတာရှိတယ်။ အရေအတွက်တော့ အတည် မပြုထား သေးဘူး။ စစ်တပ်ဘက် တိုက်ပွဲတွေမှာ ခန့်မှန်း ၂၀- ၃၀ ကျော် သေဆုံးတယ်။ PDF ဘက်က ၅ ဦးလောက်ကျတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ ထောက် ပို့ လူငယ် ၂ယောက်လောက်ပါမယ်။ တိုက်ပွဲကာလက ၂ ပတ် လောက် ကြာတယ်။ ပင်လည်ဘူး ဗန်းမောက်လမ်းမပေါ် ကပ္ပန္တာရွာကနေစပြီး တိုက်ပွဲ တွေက ဆက်သွားတာပါ” ဟု PDF ပင်လည်ဘူး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် KIA နှင့်PDF တပ်များက မြို့ပြင် နေရာအများအပြားကို ထိန်းချုပ်ထားပြီး မြို့အတွင်းတွင်ပင် စစ်တပ်က ပေါ်ပေါ်တင်တင် သွားလာမှုမရှိတော့ကြောင်း၊ များမကြာမီ တိုက်ပွဲများ ပြန်လည် ပြင်းထန်လာနိုင်ကြောင်း သိရှိရသည်။

စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင်မူ အလောင်း ၁၂ ခုနှင့် လက် နက်များ သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ထားပြီး တိုက်ပွဲသည် မတ်လ ၂၉ ရက်မှ ဧပြီလ ၉ ရက်နေ့အထိ ကြာမြင့်ကြောင်း သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article