25 C
Yangon

ရန်ကုန်အလုံ၊ မြောက်ဒဂုံနှင့် အင်းစိန်တို့တွင် ဗုံးပေါက်ကွဲ၊ မန္တလေးတွင်လည်း ဗုံးဖြင့် တိုက်ခိုက်မှုဖြစ်၊ မြင်းခြံနှင့်ထားဝယ်သင်္ကြန်မဏ္ဍပ်များအနီးတွင် ဗုံးများပေါက်ကွဲ

Must read

ရန်ကုန်၊ ဧပြီ ၁၄

ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် ယနေ့ နံနက် ၁၂ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့ အလုံမြို့နယ်၊ ကွင်းကျောင်းလမ်းထောင့်တွင် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ဗုံးနှစ်လုံးပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဗုံးပေါက်သံကြားပြီး အဲဒီထိပ်မှာကားတွေကို တားစစ်တယ်။ ကောင်လေး တစ်ယောက် လမ်းသွားလမ်းလာ ဖြစ်ဖို့များပါတယ်။ အဲဒါကိုလည်း ရိုက်နှက်ပြီး ဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြောက်ဒဂုံနှင့် အင်းစိန်စျေးတို့တွင်လည်း ယနေ့ နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းတို့တွင် ဗုံးပေါက်ကွဲသံများကြားရ ကြောင်း ဒေသခံများက ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဆောက်လုပ်ရေးမဏ္ဍပ်အနီး ယနေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း ၊ဆောက်လုပ်ရေးမဏ္ဍပ်နှင့် မနီးမဝေးတွင်ရှိသည့် စာတိုက်အနီးတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မဏ္ဍပ်အနီးရောက်ရှိနေသည့် မြို့ခံတစ်ဦးကပြောသည်။

“အသံကတော့တော်တော်ကြမ်းတယ်။ မဏ္ဍပ်ကလူတွေတော့ပြေးနေကြတယ်” ဟု အဆိုပါမြို့ခံက ဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် စစ်ကောင်စီမြို့နယ် သင်္ကြန်မဏ္ဍပ်တွင်လည်း ယနေ့ ၁၁ နာရီ ၄၀ မိနစ်အချိန် ဗုံးပေါက်ကွဲကြောင်း၊ ဆိုင်ကယ်တွင် ဗုံးဆင်၍ ဖောက်ခွဲခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ကြောင်း သိရှိရသည်။

ထို့ပြင်မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကုလားမတောင်ကျေးရွာအနီး ၊ မန္တလေး-မတ္တရာသွားကားလမ်းတွင် မန္တလေးကွန်ပျူတာ တက္ကသိုလ်မှ ဆရာ/မများ၊ကျောင်းသား/သူများ၊ ဝန်ထမ်းများလိုက်ပါလာသော မော်တော်ယာဉ်တန်းကို ယနေ့နံနက် ၇ နာရီ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ၊ သင်္ကြန်မဏ္ဍပ်သွားစဉ် ဗုံးဖြင့် အပစ်ခံရခြင်းဖြစ်ကြောင်း မန္တလေး သတင်းရင်းမြစ် MFP က သတင်းဖော်ပြထားသည်။

ဓာတ်ပုံ- စမ်းချောင်းမြို့နယ် ထွေ/အုပ်ရုံး မဏ္ဍပ်ရှေ့တွင် ရပ်ထားသည့် စစ်ကားတစ်စင်း။

Photo- Aungmyo Tun Facebook

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article