26 C
Yangon

ကြံခင်းမြို့မရဲစခန်းမှ ရဲတစ်ဦး မူးရူးဆိုင်ကယ်မှောက် ပွဲချင်းပြီးသေ၊ ဒိုက်မြို့မှ ရဲဒုတပ်ကြပ်ဇင်မျိုးကိုကို အချင်းချင်း ပစ်ခတ်မှုကြောင့်ပွဲချင်းပြီးသေ

Must read

ရန်ကုန်၊ ဧပြီ ၁၅

ဧရာ၀တီတိုင်း၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်မှ ရဲတစ်ဦး အရက်သောက်စားမူးရူးပြီး ဆိုင်ကယ်မောင်းရာမှ ယမန်နေ့ညပိုင်းတွင် ဆိုင်ကယ်မှောက်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနေ့ညက မူးရူးပြီး ဆိုင်ကယ်မောင်းတာ မှောက်တယ်။ ကြံခင်းမြို့ မြို့မရဲစခန်းမှ ရဲပါ။ ပွဲချင်းပြီး သေပါတယ်။ ရဲနာမည်နဲ့ ရာထူးတော့မသိဘူး။ သူတို့ရဲစခန်းက လူတွေတော့ လာကြည့်သွားတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်နေ့ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဝေါရဲသတင်းတပ်ဖွဲ့မှ ဒုတပ်ကြပ် ဇင်မျိုးကိုကိုသည် အရက်သောက်စားမူးယစ်ပြီး အချင်းချင်း ပြန်လည် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း၊ဇင်မျိုးမျိုးကိုကိုသည် ဝေါမြို့က NLDနှင့် PDF များကို အဓိကထားနှိပ်ကွပ်နေသူတစ်ဦးဖြစ်ကြောင်း ဝေါ PDF က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article