25 C
Yangon

မန္တလေးသင်္ကြန်လူမရှိ၍ ပြည်သူများသွားလာနေသော လမ်တချို့ကို ပိတ်ပြီး လမ်းလျှောက်သင်္ကြန် လူစည်အောင် စစ်တပ်က လုပ်နေပြန်၊ မန္တလေး ပြည်သူများ သင်္ကြန်အကြတ်နေ့ကို ဆက်လက် သပိတ်မှောက်

Must read

ရန်ကုန်၊ ဧပြီ ၁၅

မန္တလေးမဟာသင်္ကြန်တွင် လူမရှိ၍ ပြည်သူများသွားလာနေသော လမ်းတချို့ကို ပိတ်ဆို့ပြီး လမ်းလျှောက်သင်္ကြန် လူစည်ကားသည့်ပုံစံမျိုးလုပ်ဆောင်လာကြောင်း ပြည်ကြီးတံခွန်ဆရာတော်က မိန့်ကြားသည်။

“၂၆၊ ၇၃-၆၆ ထိ လမ်းလျှောက်သင်္ကြန် လုပ်ထားပါတယ်။အများပြည်သူသွားလာတဲ့ လမ်းတွေပါ။ လူလည်းမရှိပါဘူး။ စစ်ဘောမတွေပဲရှိတယ်။ လမ်းတွေပိတ်တာက ဒီနေ့မှလုပ်တယ်ထင်တာပဲ။ အရင်နေ့ကတော့ မတွေ့ ဘူး။ ဒီနေ့မှ အရှေ့ဘက်ခြမ်း ရောက်လို့သိရတာတဲ့။ အကြိုနေ့ကလုပ်ထားတာ။ကျုံးအရှေ့ဘက်ကို” ဟု ပြည်ကြီးတံခွန်ဆရာတော်က မိန့်ကြားသည်။

မန္တလေးပြည်သူများက စစ်အာဏာရှင်၏ သင်္ကြန်တွင် ပါဝင်ခြင်းမပြုဘဲ ယနေ့ သင်္ကြန် အကြတ်နေ့ ဆက်လက် သပိတ်မှောက်နေသဖြင့် လူစည်ကားမှုမရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article