ရန်ကုန်၊ ဧပြီ ၁၅
အကြမ်းဖက် စစ်ကောင်စီ လက်ထက် ပြုလုပ်ကျင်းပနေသည့် သင်္ကြန်ပွဲတွင် ပြည်မြို့ရှိ ပြည်သူများသည် ပူးပေါင်းပါဝင်ခြင်းမပြုခြင်းကြောင့် မြို့ပေါ်တွင်ခြောက်ကပ်လျက်ရှိသည်ကို ယနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် တွေ့မြင်ရသည်။
မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီလက်ထက်၌ ကျင်းပနေသည့် သင်္ကြန်ပွဲတွင် မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူများသည် ပါဝင်ခြင်းမရှိဘဲ တော်လှန်သင်္ကြန် ဆင်နွှဲလျက်ရှိကြသည်။