25 C
Yangon

နတ်မောက်တွင် ပျူစောထီးခေါင်းဆောင် သန်းလွင် အသတ်ခံရ ၊ နတ်တလင်းတွင် ကြံ့ဖွတ်နှင့် လှပခြင်း ကျေးရွာ ဥက္ကဋ္ဌ မြင့်လွင် အသတ်ခံရ ၊ပုလောမြို့နယ်ကြံ့ဖွတ် ဥက္ကဋ္ဌ အောင်နေဇာလင်း အသတ်ခံရ ၊ ကျိုက်ထိုတွင် စစ်တပ်အမာခံတစ်ဦး ပစ်ခတ်ခံရ

Must read

ရန်ကုန်၊ ဧပြီ ၁၅

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်ကောင်စီခန့် ပျူစောထီးခေါင်းဆောင် သန်းလွင် ယနေ့ နံနက်ပိုင်း အသတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီခန့် ပျူစောထီးခေါင်းဆောင် သန်းလွင်ကို ငါးပြေမတပ်ဖွဲ့က ရှင်းလင်းလိုက်ခြင်းဖြစ်ပြီး သန်းလွင်က ရွာတွင် စစ်တပ်ကို ခေါ်ယူခဲ့သူဖြစ်ကြောင်း၊ ယမန်နေ့က သန်းလွင် ခေါ်ယူခဲ့သော စစ်တပ်များ ပြန်လည်ထွက်ခွာသွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင ်သန်းလွင် အသတ်ခံရခြင်းဖြစ်ကြောင်း ငါးပြေမ တပ်ဖွဲ့၏ တာဝန်ခံ ဗိုလ်ငါးခူက ပြောသည်။

“နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာက ဒလန်အကြီးစား သန်းလွင် ကို ရွာလည်ခေါင်မှာ နှလုံး တည့်တည့် ၃ချက်ပစ်ပြီး ရှင်းလင်းခဲ့ပါတယ်။ သူက ရွာထဲမှာ စစ်တပ်ကိုခေါ်ပြီး စခန်းချခိုင်းထားတာပါ။ စစ်တပ်က မနေ့ကမှ ရွာက ထွက်သွားတာပါ။ အဲ့ဒါကြောင့် သည်နေ့ မနက် ၁၀နာရီမှာ သူ့ကို ဝင်ပစ်လိုက်တာပါ။ သူ့ကြောင့် အပြစ်မဲ့တဲ့ ရွာသူရွာသားတွေ အိုးအိမ်တွေ ထားပြီး ပြေးကြ တယ် အဖမ်းခံရတယ် တချို့ဆို ထောင်ထဲမှာပါ။အိမ်ထားပြီး ပြေးတဲ့ သူတွေရဲ့ အိမ်တွေကိုလည်း မီးရှို့ပစ်တာ ၃ အိမ်ရှိပါပြီ။ CDMတွေ ဆန္ဒပြပွဲ လိုက်ခဲ့တဲ့သူတွေကိုလည်း ခြိမ်းခြောက်နေတဲ့ ဒလန်အကြီးစားပါ။ နတ်မောက် PDF နဲ့ကျနော်တို့ ပေါင်းလုပ်တာပါ” ဟု ငါးပြေမတပ်ဖွဲ့၏ နတ်မောက် တာဝန်ခံ ဗိုလ်ငါးခူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင် ပဲခူးတိုင်းအနောက်ခြမ်း၊သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ်၊လှပခြင်းကျေးရွာအုပ်စု၊လှပခြင်း စစ်ကောင်စီခန့် ကျေးရွာ ဥက္ကဋ္ဌ လည်းဖြစ်၊ ကျေးရွာ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ မြင့်လွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

” ဒီနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ သေနတ်နဲ့ အပစ်ခံရပါတယ်။ လှပခြင်းကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌလို့လည်းသိရပါတယ်။ ရဲနဲ့စစ်သားတွေတော်တော်များများ ရောက်လာပြီ” ဟု ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၁၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ပုလောမြို့နယ်၏ကြံ့ဖွတ်ပါတီ ဥက္ကဌ အောင်နေဇာလင်း သေ နတ်ဖြင့် ပစ်သတ်ခံရပြီးသေဆုံးသွားကြောင်း သိရှိရသည်။

မြိတ်ခရိုင်၊ ပုလောမြို့က တောင်ဝိုင်းကွေ့ဆီဆိုင်အနီး ယမန်နေ့ ညနေ ၅နာရီဝန်းကျင် ဆိုင်ကယ်တားပြီး ခေါင်းကိုသေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ် ကြောင်း မြို့ခံများထံမှ သိရှိရသည်။

“သူကဒလန်အကြီးစားပဲ အကောင်ကြီးထဲကပေါ့။ အခုလက်ရှိသူ့အလောင်းက အမှတ်၁ရပ်ကွက်က အိမ်မှာပဲ။ စစ်တပ်ကလုံခြုံရေးယူပေးထားတယ်”ဟု မြို့ခံတစ်ဦးကသည်။

အသက် ၄၅နှစ်ဝန်းကျင်အရွယ် အောင်နေဇာလင်းသည် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သည့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းဖြစ်ပြီး ကျူရှင်ဆရာတစ်ဦးလည်းဖြစ်သည်။

အလားတူ ဧပြီလ ၁၅ ရက်နေ့ နံနက် ၉နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် မွန်ပြည် နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်၊ သမလပိုင်းနေ စစ်ကောင်စီထောက်ခံသူ ဒလန်အကြီးစားဟုတ် သတ်မှတ်ခံရသူ ခင်လတ်ကို ကျိုက်ထို KRF က စစ်ရေးပစ်မှတ်သတ်မှတ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အနီးအနားရှိ အဒေါ်ကြီးတစ်ဦး ပေါင်တွင် ကျည်ထိဒဏ်ရာ (အသက်အန္တရာယ် မစိုးရိမ်ရ) နှင့် လူငယ်တစ်ဦး နဖူးတွင် ကျည်ရှပ်ထိဒဏ်ရာ (အသက်အန္တရာယ် မစိုးရိမ်ရ)တို့ ပစ်ကွင်းမရှင်းလင်း၍ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိသွားသဖြင့် KRF ညီအစ်ကိုများ အနေနှင့် များစွာစိတ်မကောင်းဖြစ်မိပြီး အနူးအညွတ်‌ တောင်းပန်ပါကြောင်း KRF က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article