25 C
Yangon

ဧရာ၀တီတိုင်း၊ ကျောင်းကုန်းမြို့လယ်ရှိ ဗဟိုသင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲ

Must read

ရန်ကုန်၊ ဧပြီ ၁၅

ဧရာ၀တီတိုင်း၊ ကျောင်းကုန်းဗဟိုသင်္ကြန်မဏ္ဍပ်တွင် ယနေ့ ညနေ ၅ နာရီကျော်အချိန်တွင် ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှသိရှိရသည်။

ဧပြီလ ၁၅ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် မြို့လယ်ခေါင်ရှိ ကျောင်းကုန်းဗဟိုသင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲပြီး လူတချို့ထိခိုက်ဒဏ်ရာရရှိကြောင်း၊ လက်ရှိတွင် တံတားအတက်အဆင်းတွင် စစ်တပ်က ပိတ်ဆို့ စစ်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“အသံမိုင်းပေါက်တယ်လည်း ပြောတယ်။ သေတာမျိုးတော့မရှိဘူး။ ဒဏ်ရာရ ထိခိုက်သူတွေကို ကားတွေနဲ့သယ်ကြတယ်လို့လည်းပြောတယ်။ ကျနော်က ပေါက်ကွဲသံ မကြားလိုက်ရဘူး။ ပြန်လာတဲ့သူတွေ ပြန်ပြောပြတာ။ ရပ်ကွက်ထဲမှာ ဆောင်းဘောက်စ်တွေနဲ့သီချင်းတွေ ဖွင့်နေကြတော့ မကြားလိုက်တာ။ အခုတော့ တံတားအတက်အဆင်းမှာ စစ်နေပြီပြောတယ်။ စစ်တပ်နဲ့ရဲက စစ်နေတာ” ဟု ကျောင်းမြို့ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကျောင်းကုန်းမြို့နယ် ဒေသခံတချို့ကမူ ဗုံးပေါက်ကွဲမှု မှန်ကန်ကြောင်း ပြောဆိုကြသည်။

ဓာတ်ပုံ- ကျောင်းကုန်းမြို့လယ်သင်္ကြန်မဏ္ဍပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article