25 C
Yangon

“PDF တွေကို မနိုင်တော့ အပြစ်မဲ့ပြည်သူကို သတ်ဖြတ်မယ် အမျိုးသမီးတွေကိုဆိုရင် မုဒိမ်းကျင့်မယ် ရွာတွေကို မီးရှို့မယ် ပြည်သူကိုစစ်တပ်ကအကြောက်တရားသွင်းနေတာ PDFတွေကို မနိုင်တိုင်း နည်းမျိုးစုံနဲ့ လုပ်နေတာ နောက်ပြီးစစ်ကောင်စီကကောင်တွေက ဓားပြတွေဖြစ်နေတာ စစ်လာတိုက် တာနဲ့မတူတော့ဘူး ရွာတစ်ရွာကိုဝင်ရင် ဘာယူရမလဲ အဖိုးတန်ပစ္စည်းတွေယူမယ် သမီးပျိုတွေဖျက် ဆီးမယ် ဒါပဲလုပ်နေတယ် အဲတော့ မအလ မင်းအောင်လှိုင်ရဲ့စစ်တပ်က ကျရှုံးနေပြီဗျ”
Unity force Moneywar ရဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်အောက်ဆွဲ နဲ့ တွေ့ဆုံခြင်း

Must read

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ တော်လှန်နေကြတဲ့ ပြည်သူတွေများစွာရှိနေပါတယ်။ မြို့ပြပျောက်ကြားတွေ ၊ တောထဲတောင်ထဲမှာ ခုခံတော်လှန်နေတဲ့ အဖွဲ့အစည်းတွေ၊ လူငယ် လူရွယ်တွေ ဟာ ဖမ်းဆီးခံရ ၊ သတ်ဖြတ်ခံရတဲ့ကြားထဲကပဲ အန္တရာယ်တွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး တွန်းလှန်နေကြတာပါ။ အဲ့ဒီလို အဖက်ဖက်ကနေ တွန်းလှန် ခုခံ တိုက်ခိုက်နေတဲ့ အဖွဲ့စည်းတွေထဲမှာ Unity force Moneywar အဖွဲ့လည်း အပါအဝင်ဖြစ်ပါတယ်။ Unity force Moneywar အဖွဲ့ဟာ မုံရွာမြို့က မြို့ပြပျောက်ကြားအနေနဲ့ စစ်ကောင်စီတပ်တွေ ၊ စစ်ကောင်စီထောက်တိုင်တွေကို အခက်အခဲတွေကြား ကနေပဲ နေ့စဉ်တွန်းလှန်တိုက်ခိုက်နေတာပါ။ သူတို့တွေရဲ့ အခက်အခဲတွေက ဘာတွေဖြစ်မလဲ။ သူတို့ရဲ့ ဒီတော်လှန်ရေးခံယူချက်တွေကရော ဘာတွေဖြစ်မလဲဆိုတာတွေနဲ့ ပက်သက်ပြီး Unity force Moneywar ရဲ့ ဗိုလ်အောက်စွဲကို ဆက်သွယ်မေးမြန်းထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article