25 C
Yangon

မုံရွာမြို့ပေါ်တွင် သင်္ကြန်အကြတ်နေ့ စစ်တပ်ကိုဦးတည်သော ပစ်ခတ်တိုက် ခိုက်မှုများဖြစ်ပေါ်ပြီး စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်တွင် သင်္ကြန်အကြတ်နေ့ စစ်ကောင်စီတပ်များကို ဦးတည်သော ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်ပြီး စစ်သား ၄ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် တမာတန်းလမ်းဆုံမီးပွိုင့်တွင် မုံရွာပြည်သူ့ကာကွယ်ရေး PDF က ပြည်သူများထံမှ စစ်ဆေးပြီး ငွေတောင်းခံနေသော စစ်ကောင်စီတပ်များကို ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ် ၃ ခုက ပူး ပေါင်းထုတ်ပြန်သည်။

အလားတူ မုံရွာအခြေစိုက် အခြားပျောက်ကျားတပ်ဖွဲ့များကလည်း သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့ ညနေ ၄ နာရီမှ ည ၈ နာရီ ၃၀ အချိန်အထိ မုံရွာမြို့ပေါ် မေတ္တာလမ်းထိပ် စကစ စစ်ဆေးရေးဂိတ်ကို လက်ပစ်မိုင်းနှင့် ပစ်ဖောက် တိုက်ခိုက်ခဲ့ကြောင်း၊ သစ္စာလမ်းထိပ် စကစများရှိသော နေရာကိုလည်း လက်ပစ် မိုင်းတစ်လုံးဖြင့် ရဲဘော်များက ဖောက်ခွဲတိုက်ခဲ့ပြီး စကစများ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ အာဇာနည်လမ်းနှင့် အသောကလမ်းဆုံ စစ်ဆေးဂိတ်ကို ဖောက်ခွဲရာတွင် စကုက ရဲဘော်များကို ကားဖြင့် လိုက်လံ ပစ်ခတ်ခဲ့သော် လည်း PDF များကျည်ထိမှန်ခြင်းမရှိဘဲ ဆိုင်ကယ်တစ်စီးဆုံးရှုံးပြီးလွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကျောက္ကာ လမ်းမိုဘိုင်ဝမ်း ရှေ့ စစ်ဆေးရေးဂိတ်ကိုလည်း မိုင်းတစ်လုံးဖြင့်ပစ်ခတ်တိုက်ကြောင်း၊ သီတာနန္ဒာလမ်း စကစများ စစ်ဆေးရေးဂိတ်ကိုလည်း လက်ပစ် တစ်လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ ပြည်ထောင်စုလမ်းကားလေး ကွင်း မီးပွိုင့်အနီး စစ်ဆေးရေးဂိတ်၊ ဂန့်ဂေါ ကျောင်းလမ်းဆုံကိုလည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF များက ပူးတွဲသတင်းထုတ်ပြန်သည်။

မုံရွာမြို့ပေါ် ညနေပိုင်း တိုက်ခိုက်မှုများကို Unity Force Monywa, Brother Defense Force နှင့် Monywa Death Killer Group မဟာမိတ် ညီနောင် မြို့ ပြ ပြောက်ကျား တော်လှန်ရေး အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မုံရွာမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Previous article
Next article
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article