25 C
Yangon

မုံရွာ အမှတ် ၂ ရဲစခန်းကို PDF တပ်များစုပေါင်း၍ သင်္ကြန်အတက်နေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်၊ ရဲ ၁၂ ဦးသေဆုံးနိုင်

Must read

ရန်ကုန်၊ ဧပြီ ၁၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ အမှတ် ၂ ရဲစခန်းကို PDF တပ်များစုပေါင်း၍ သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ပြီး ရဲ ၁၂ ဦးသေဆုံးနိုင်ကြောင်း မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chindwin Attack Force) က သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၆ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း – ၂ – ၃ – ၄ ၏ ပြောက်ကျားကွန်မန်ဒိုတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း – ၂ ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ – Monywa The Boys၊ တပ်ခွဲ (၁) – Monywa Ranger group/Truth Army၊ တပ်ခွဲ (၃) – Northwest Plains Revolutionary Forces-NPRF တို့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

PDF တပ်ပေါင်းစုက မုံရွာ အမှတ် ၂ ရဲစခန်းကို RPG ပစ်သွင်းလိုက်ပြီး လက်နက်ငယ်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ခန့်ကြာမြင့်ကြောင်း၊ ရဲ ၁၂ ဦးသေဆုံးနိုင်ကြောင်း PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

ည၁နာရီလောက် မုံရွာအမှတ်၂ရဲစခန်းမှ ပစ်ခတ်ခံများနဲ့ပေါက်ကွဲသံများစွာ ကြားရ ည၂နာရီကျော်မှအသံရပ်သွား

“မနက် ၁ နာရီခွဲလောက်တုန်းက မုံရွာမှာ တအားပစ်ကြတာ။ ပထမဦးဆုံးဗုံးခွဲအကျယ်ကြီးကြားရပါတယ် မြေကြီးပါတုန်တယ်။ ကွဲပြီးမကြာဘူးအပြန်လှန်ပစ်နေတာ။ မိနစ်၃၀လောက်ရှိတယ်။ အသေအပျောက်လည်းတော်တော်ရှိနိုင်ပါတယ်။ ဒီမနက် ၁နာရီလောက် မုံရွာအမှတ်၂ရဲစခန်းမှာ ပစ်ခတ်သံနဲ့ ပေါက် ကွဲသံတွေ ကြားရတာ။ ည၂နာရီကျော်မှ အသံရပ်သွားတယ်” ဟု မုံရွာဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ဧပြီလ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မုံရွာ၊ တမာတန်းလမ်းဆုံ၌ လမ်းသွားလမ်းလာများကို စစ်ဆေးပြီး အကြောင်းမဲ့ ငွေတောင်းခံနေသော စစ်ကောင်စီတပ်ဖွဲ့ကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်စိတ်တခုဖြစ်သော Monywa Red Peacock က ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး ထိခိုက်သေဆုံးနိုင်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article