29 C
Yangon

ဥဇဘက်ကစ္စတန်မှ ငွေစက္ကူရိုက်နှက်မည့် စက္ကူကုန်ကြမ်းများ သယ်ဆောင်လာသော အီရန် လေယာဉ် နေပြည်တော်တွင် ဆိုက်ရောက်၊ ငွေစက္ကူုကုန် ကြမ်း တန်ချိန်များစွာ ဆက်တိုက်တင်သွင်းနေ

Must read

ရန်ကုန်၊ ဧပြီ ၁၇

အီရန်က Fars Qeshm လေကြောင်းလိုင်းမှ Boeing 747-281B လေယာဉ် Flight Number QF9977 သည် ယနေ့တွင် နေပြည်တော်သို့ ဆိုက်ရောက်လျက်ရှိပြီး ဥဇဘက်ကစ္စတန်မှ ငွေစက္ကူရိုက်နှက်မည့် စက္ကူကုန်ကြမ်းများ ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလေယာဉ်သည် အီရန်မှ ဥဇဘက်ကစ္စတန်သို့ ထွက်ခွာပြီး ဥဇဘက်ကစ္စတန်တွင် ငွေစက္ကူကုန်ကြမ်း တန်ချိန်များစွာ တင်ဆောင်ကာ နေပြည် တော်သို့ ဆိုက်ရောက် လာခြင်းဖြစ်ကြောင်း ၊ ယင်းလေယာဉ်တွင် ငွေစက္ကူရိုက်နှိက်မည့် လုံခြုံရေး စက္ကူ တန်ချိန်များစွာ တင်ဆောင်လာခြင်းဖြစ်ကြောင်း၊ ယင်းလေ ယာဉ်သည် ဧပြီလ ၁၈ ရက်နေ့တွင် နံနက် ၃ နာရီကျော်အချိန် မကာအိုသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဂျာမနီကုမ္ပဏီ Giesecke Devrient က မြန်မာငွေစက္ကူ ထုတ်လုပ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းပစ္စည်း တင်သွင်းမှု အားလုံးကို စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။ ယင်းနောက်ပိုင်း စစ်တပ်က ငွေစက္ကူ ကုန်ကြမ်းများနှင့် ငွေစက္ကူမင်များကို လက် လှမ်းမီရာ နီးစပ်ရာနိုင်ငံများမှ တောက်လျှောက်ဆိုသလို တင်သွင်းနေခြင်းဖြစ်ပြီး ဥဇဘက်ကစ္စတန်မှ ငွေစက္ကူကုန်ကြမ်းများကို ဆက်တိုက်ဆိုသလို တန်ချိန် ပေါင်းများစွာ တင်သွင်းနေခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက် နေပြည်တော်နှင့် ရန်ကုန်လေဆိပ် များတွင် တရုတ်၊ အီရန်၊ ရုရှားကုန်တင်လေယာဉ်များ အကြိမ်ကြိမ်မကြာခဏ ဆိုသလို ဆင်းသက်လျက်ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၁၀၀၀၀ တန်ငွေစက္ကူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article