25 C
Yangon

ရန်ကုန်တွင် “တန်ခူးလနှောင်း နှစ်သစ်ပြောင်းလဲ စစ်ကျွန်စနစ်ကို တော်လှန်ဆဲ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဧပြီ ၁၇

ရန်ကုန် သပိတ် အင်အားစုများဖြစ်သည့် Revolution Force၊ စမ်းချောင်းပင်မသပိတ်၊ Youths Association of Thingangyun (YAT)၊ လူငယ်များသမဂ္ဂ၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)နှင့် Labour Alliance အဖွဲ့ဝင် CTUMတို့ ပူးပေါင်းကာ ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် “တန်ခူးလနှောင်း နှစ်သစ်ပြောင်းလဲ စစ်ကျွန်စနစ်ကို တော်လှန်ဆဲ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရန်ကုန် သပိတ် အင်အားစုသည် စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်းနှင့် မြို့ပြမှာ လှုပ်ရှား ရုန်းကန်နေရသည့် ‌ပျောက်ကြားရဲ‌ဘော်များ၊ သပိတ်အင်အားစုများ၊ ထောင်တွင်းကရဲဘော်တွေ၊ တောထဲက PDF, CDMတို့ကို အခုထက်ပိုပြီး အားပေးဝန်းရံခြင်းဖြင့် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း အတာအိုးများ ကိုင်ဆောင်ကာ ကြွေးကြော် ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article