33 C
Yangon

ထီးလင်း၊ ရေမျက်နီကျေးရွာအနီး ကင်းလှည့်နေသော ရဲ ၅ ဦးကို YDF ထီးလင်းက တိုက်ခိုက်မှု ရဲ ၁ ဦးသေ

Must read

ရန်ကုန်၊ ဧပြီ ၁၈

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာအနီး ကင်းလှည့်နေသော ရဲ ၅ ဦးကို YDF ထီးလင်းတပ်ဖွဲ့၏ ကွန်မန်ဒို တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးပြီး ရဲ ၁ ဦးဒဏ်ရာရရှိကြောင်း YDF-Htilin B-3 (Shwe Son Nyo) က သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် YDF Htilin B-3( Shwe Son Nyo) ၏အထူးကွန်မန်ဒိုအဖွဲ့မှ တပ်ဖွဲ့ဝင် ၅ ဦးက ထီးလင်းမြို့နယ် ရေမျက်နီရွာအတွင်း ဆိုင်ကယ်နှစ်စီးနှင့် ကင်းလှည့်နေသော ရဲ ၅ ဦးကို ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ရဲ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထိုတိုက်ပွဲတွင် B-3 SSN မှ (KAMAX)အမျိုးအစားဆိုင်ကယ်တစ်စီး၊(HK 33)အမျိုးအစားသေနတ်တစ်လက်နှင့်ကျည် 24‌ တောင့်ပါကျည်ဘောက် ၁ ခုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article