25 C
Yangon

ပုလဲတွင် စစ်ကောင်စီစစ်ကြောင်းကို MRDA က ၂ ကြိမ် ခြုံခိုတိုက်ခိုက်၍ စစ်သား ၃၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၉

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA က ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့တွင် ၂ ကြိမ် ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃၃ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ပုလဲမြို့အနောက်မြောက်ဘက် ဆင်ရှင်ကျေးရွာနှင့် ကြောင်သန်းကျေးရွာကြား၌ စစ်ကောင်စီစစ်ကြောင်းကို MRDA က ခြုံခိုတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးကြောင်း၊ အဆိုပါ စစ်ကြောင်းကို သင်တီးကန် (အရှေ့) ရွာ အနီးတွင် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ ၁၀ မိနစ်အထိ ဒုတိယအကြိမ် ခြုံခိုတိုက်ခိုက်ရာတွင် စစ်သား ၃၀ ဦး သေဆုံးကြောင်း ဗိုလ်နဂါးဦးဆောင်သော MRDA က သတင်းထုတ်ပြန်သည်။

ဒုတိယအကြိမ် ခြုံခိုတိုက်ခိုက်မှုတွင် MRDA မှ ရဲဘော် ၁ ဦး မစိုးရိမ် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – MRDA တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article