25 C
Yangon

ကရင်ပြည်နယ်တွင် စစ်တက္ကသိုလ်အပတ်စဉ် ၄၉ ဆင်း ဗိုလ်မှူး စိုင်းစိုးသီဟ မိုင်းထိ သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၉

ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF စုပေါင်းတပ်များနှင့်ဖြစ်ပွားသော တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်တက္ကသိုလ်အပတ်စဉ် ၄၉ ဆင်း ဗိုလ်မှူးစိုင်းစိုးသီဟ မိုင်းထိ၍ သေဆုံးကြောင်း မိတ်ဆွေတချို့နှင့်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဧပြီလ ၁၇ ရက်နေ့ ကရင်ပြည်နယ်၊ တပ်မဟာ ၅ ဘက်ရှိ စစ်တပ်အခြေစိုက်စခန်းများထံသို့ စစ်တပ်ရိက္ခာ သွားရောက် ပို့နေစဉ် ပဒေသာမိုင်းထိ၍ သေဆုံးခြင်းဖြစ်ကြောင်း မိတ်ဆွေတချို့ထံမှ သိရှိရသည်။

“သူ့မှာ ကလေး ၂ ဦးကျန်ခဲ့တယ်။ မိသားစုဆီ ဧပြီ ၁၈ ရက်နေ့မှာမှ သတင်းရောက်တာလို့ပြောတယ်။ Body ပြန်မရဘူးလို့လည်းပြောတယ်။ နေ့မြင် ညပျောက်ဘ၀တွေ။ လူ့အသက်တွေက ခဏလေးအတွင်းမှာ ပျောက်ကွယ်ကုန်တယ်။ နေ့တိုင်း သူ့ဘက် ကိုယ့်ဘက် သေနေကြတာ ဝမ်းနည်းစရာပဲ” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

ကရင်ပြည်နယ်ရှိ PDF သတင်းရင်းမြစ်တချို့ကမူ တပ်မဟာ ၅ တွင် စစ်တပ်ဘက်က စစ်အခြေစိုက် စခန်းများထံသို့ ရိက္ခာပို့ရန်ကြိုးစားစဉ် စစ်သားများ မိုင်းမိ၍ ထိခိုက်သေဆုံးမှုများရှိကြောင်း၊ ဗိုလ်မှူး စိုင်းစိုးသီဟ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်နေရာတွင် မိုင်းထိ၍ သေဆုံးသည်ကို မသိရှိဟုဆိုသည်။

“တပ်မဟာ ၅ ဘက်မှာကတော့ မိုင်းတွေရှိနေတာဆိုတော့ သူဘယ်မှာ မိုင်းထိလဲတော့ မသိဘူး။ စစ်တပ်ရဲ့ အခြေစိုက် စစ်စခန်းတွေကို ရိက္ခာပို့ဖို့ သူတို့ဘက်က နည်းမျိုးစုံနဲ့ ကြိုးစားတာတော့ရှိနေတယ်” ဟု ပြောဆိုသည်။

လက်ရှိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းရှိ KNLA တပ်မဟာများ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အရှိန်အဟုန်ဖြင့် ဖြစ်ပွားလျက်ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဗိုလ်မှူးစိုင်းစိုးသီဟ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article