25 C
Yangon

“လေယာဉ်တွေ ရဟတ်ယာဉ်တွေ တင့်ကားတွေ ယူလာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာရင် ဆုချမယ့်လို့ ကြေညာ လိုက်တော့ ဆက်သွယ်လာသူတွေရှိလာပြီ။လက်ရှိ တပ်နဲ့ရဲ CDMပြုလုပ်လာသူတစ်သောင်းကျော်ရှိ နေပြီး၊တပ်က မစွန်ခွာဘဲ ပူးပေါင်းဆောင်ရွက်နေသူ နှစ်ရာကျော်ရှိ”
ဒေါက်တာဝင်းမြတ်အေး (အမျိုးသား ညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့်သဘာ ဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး )နှင့်တွေ့ဆုံးမေးမြန်းချက်

Must read

By ရန်ကုန်ခေတ်သစ်

ဖက်ဆစ် မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီအဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ အာဏာကို အတင်း အဓမ္မလုယူထားတာ တစ်နှစ်ကျော်ကြာရှိခဲ့ပါပြီ။ ဒီလိုလုယူထားပြီးနောက်မှာ သူတို့ကို ထောက်ခံတဲ့ သူတွေကလွဲပြီး မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်အာဏာရှင်တော်လှန်ရေးတွေ ပေါ်ပေါက်လာပါ တော့ တယ်။
ဖက်ဆစ်စစ်တပ်ဟာ သူတို့ကိုတော်လှန်တဲ့ ပြည်သူတွေကို ရက်ရက်စက်စက် အကြောင်းမဲ့ သတ်ဖြတ် တာတွေ ၊ ရွာတွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးတာတွေ ၊ လေကြောင်းကို အသုံးပြုပြီး စစ်မြေပြင်မှာ ဗုံးကျဲတိုက်ခိုက်နေတာတွေဟာ စဉ်ဆက်မပျက်ကို လုပ်ဆောင်လာကြပါတယ်။
အဲ့ဒီလို တိုင်းတပါးသား မဟုတ်ဘဲ ကိုယ့်ရဲ့ပြည်သူတွေကို ပြန်လည်သတ်ဖြတ်တိုက်ခိုက်နေတာတွေကို မလုပ်ချင်တော့တဲ့ စစ်သားတွေ ၊ ရဲတွေ ဟာ စစ်ကောင်စီလက်အောက်က ရုံးထွက်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာ ကြတာ တွေ အများအပြားရှိလာခဲ့ပါတော့တယ်။
ဒီလို CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ စစ်သား တွေ ၊ ရဲတွေ အနေနဲ့ရော ဘယ်လို အခြေနေတွေ ရှိနေလဲ။ စစ်သား၊ရဲ အပြင် တခြား CDM လုပ်ချင်တဲ့ သူတွေ နဲ့ လက်ရှိ CDM ပြုလုပ် ထားတဲ့သူတွေအတွက်ရော ဘာတွေစီစဉ်ဆောင်ရွက်နေလဲ ..ဆိုတာ တွေကို သိရအောင် အမျိုးသား ညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုဆက်သွယ်မေးမြန်းထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article