By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၁၉ ရက် နေ့လယ်ပိုင်းရရှိထားတဲ့သတင်းတွေကတော့
-ကရင်ပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီဘက်က စစ်တက္ကသိုလ် အပတ်စဉ် ၄၉ ဆင်း ဗိုလ်မှူး စိုင်းစိုးသီဟ မိုင်းထိပြီး သေဆုံးသွားတယ်လို့ မိတ်ဆွေတချို့ နဲ့ တပ်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
-မကွေးတိုင်း ထီးလင်းမြို့နယ်၊ ကျင်းနယ်မြေရဲစခန်းကို PDF များ စီးနင်းတိုက်ခိုက်စဉ် စခန်းမှူး အောင်ကျော် စိန် သေဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၁၅ ဦး လက်နက်နဲ့ CDM ပြုလုပ်ခဲ့ပါတယ်။
– မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ အတွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်း အဖွဲ့က ဧပြီလ ၁၈ ရက် နံနက်ပိုင်းမှာ ဝင်ရောက်လာပြီး အသက် ၆၇ နှစ်အရွယ် ဦးစိန်ဝင်းကို လက်ပြန်ကြိုးတုပ်ပြီး အကြောင်းမဲ့သတ်ဖြတ်ခဲ့ပါတယ်။
-စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မြန်မာ့တော်ဝင်နဂါး တပ်တော် MRDA က ဧပြီလ ၁၈ ရက်နေ့ မနေ့က ၂ ကြိမ် ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃၃ ဦး သေဆုံးသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။