25 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ၁၅ ရက်အတွင်း တိုက်ပွဲ ၁၇၄ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၈၁ ဦး သေဆုံး၊ KNLA ရဲဘော် ၁ ဦးကျဆုံး ၇ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁၉

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန် (မူတြော်) ခရိုင်တွင် ဧပြီလ ၁ ရက်မှ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ် လက်ပါးစေ BGF ပူးပေါင်းအဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော် KNLA ကြား တိုက်ပွဲ ၁၇၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈၁ ဦးသေဆုံးကာ KNLA ရဲဘော် ၁ ဦး ကျဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုများထဲတွင် တပ်ခွဲမှူး ၁ ဦဂ၊ တပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး ပါဝင်ပြီး ၄၄ ဦး ဒဏ်ရာရပြီး၊ စစ်ကောင်စီ စစ်ကား ၂ စီးပျက်စီးကြောင်း မူတြော်သတင်းစဉ်မှ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဖာပွန်-ကမမောင်း ကားလမ်းအနီးဝန်းကျင်ကျေးရွာများအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးကာ လယ်ယာ၊ ဥယာဉ်ခြံမြေများနှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည် ၄၃၀ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း မူတြော်သတင်းစဉ်ထံမှ သိရှိရသည်။

ဓါတ်ပုံ – KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article