25 C
Yangon

NUG ၊ CRPH ၊ မီဒီယာများနှင့် စစ်တပ်ဆန့်ကျင်သူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများ ဖြုတ်ချရန် လိုင်စင်ရ ဆက်သွယ်ရေးအော်ပရေတာနှင့်ကုမ္ပဏီများကို စစ်တပ်က လျှို့ဝှက်ညွှန်ကြား၊ မလုပ်ဆောင်လျှင် အရေးယူမည်ဟုခြိမ်းခြောက်

Must read

ရန်ကုန်၊ ဧပြီ ၉

ပြည်သူလူထု၏ ထောက်ခံမှုဖြင့် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ၊ မီဒီယာများနှင့် စစ်တပ်ဆန့်ကျင်သူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အင်တာနက် စာမျက်နှာကို ဖြုတ်ချရန် လိုင်စင်ရ ဆက်သွယ်ရေးအော်ပရေတာများ၊ ကုမ္ပဏီများကို စစ်တပ်က လျှို့ဝှက်ညွှန်ကြားထားကြောင်း သိရှိရသည်။

“ဆက်သွယ်ရေးအော်ပရေတာတွေဆီအားလုံးကို ဒီစာပို့တာပါ။ ဘာဆက်လုပ်ရမလဲတော့မသိသေးဘူး” ဟု စာကို လက်ခံရရှိထားသည့် ဆက်သွယ်ရေးလုပ်ငန်းတစ်ခုက ပြောဆိုသည်။

စစ်တပ်က လက်ရှိတွင် Facebook အပါအဝင် လူမှုကွန်ရက်စာမျက်နှာများကို ပိတ်ပင်ထားပြီးဖြစ်သော်လည်း ထပ်မံ ညွှန်ကြားသည့်စာတွင် Website ကို ရည်ညွှန်းသည်၊ Facebook ရည်ညွှန်းသည် ဖော်ပြထားခြင်းမရှိကြောင်း၊ အင်တာနက်ဟုဆိုသည့်အတွက် အကုန်လုံးကို ရည်ညွှန်းသည့် သဘောဖြစ်သည်ဟု သိရှိရသည်။

စစ်ကောင်စီ၏ ညွှန်ကြားစာတွင် စစ်တပ်ဆန့်ကျင်သူများ၏ အင်တာနက်စာမျက်နှာများကို ဖြုတ်ချရေး စီမံဆောင်ရွက်ထားမှုများကို တင်ပြရန်၊ ချိတ် ဆက်အသုံးမပြုနိုင်ရေး စောင့်ကြည့် ဖြုတ်ချနိုင်ရေး လိုအပ်သလို ဆောင်ရွက်ရန် ၊ စိစစ်သိရှိပါလျက် ချိတ်ဆက် အသုံးမပြုနိုင်အောင် ဆောင်ရွက်မပြုပါက တာဝန်ရှိသူ အဆင့်ဆင့်ကို ဥပဒေအရ အရေးယူရန် တို့ကို လုပ်ဆောင်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article