25 C
Yangon

ရန်ကုန်ရှိစစ်တပ်ပိုင်မြန်မာဘီယာစက်ရုံ ဗုံးဖြင့် အထုခံရ၍ စက်ရုံပင်မ ထုတ် လုပ်ရေး အစိတ်အပိုင်း ၂ ခု ပျက်စီးသွား၍ စက်ရုံဝင်းတစ်ခုလုံးကို ကာရန်မှုများ လုပ်ဆောင်

Must read

ရန်ကုန်၊ ဧပြီ ၂၀

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုန် အမှတ် ၃ လမ်းရှိ စစ်တပ်ပိုင် မြန်မာဘီယာထုတ်လုပ်ရေးစက်ရုံ ယမန်နေ့ ညနေ ၄ နာရီတွင် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရရာ စက်ရုံ၏ ထုတ်လုပ်ရေး ဆိုင်ရာ ပင်မ အစိတ်အပိုင်း ၂ ခုပျက်စီးသွားကြောင်း စက်ရုံနှင့်နီးစပ်သော သတင်းရပ်ကွက်ထံမှ သိရှိရသည်။

ရန်ကုန်တိုင်းPDF က မြန်မာဘီယာစက်ရုံကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ၊ တိုက်ခိုက်မှု ဖြစ်စဥ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ဘီယာထုတ်လုပ်ရေး၏ ပင်မ ထုတ်လုပ်ရေး အစိတ် အပိုင်းနှစ်ခု ပျက်စီးမှုရှိခဲ့ကြောင်း သိရှိရသည်။

“မနေ့ ညနေ ၄ နာရီ ၁၀ မိနစ်မှာ ဗုံးခွဲသံကြားရတာ။ အခုတော့ရုံးရှေ့နဲ့ စက်ရုံဝင်းတွေကို ခြံစည်းလိုမျိုး ယိုင်တီယိုင်တိုင်လေးတွေကာနေတယ်။ ပြီးတော့ ဗုံးပစ်ထည့်ရင် မပေါက်အောင် အစိမ်းဖက်တွေလည်း စက်ရုံ ဘေးပတ်ပတ်လည်မှာ ကာနေပြီ။ စစ်တပ်နဲ့ရဲကတော့ အရင်ထက် ပိုများတယ်” ဟု ယင်းစက်ရုံအနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

မြန်မာဘီယာစက်ရုံ ဗုံးပစ်ခံရမှုများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိသဖြင့် အလုပ်သမားများ အကြား စိုးရိမ်မှုများဖြစ်ပေါ်နေကြောင်း၊ စက်ရုံ၏ လုံခြုံရေးအတွက်ဟုဆိုကာ စက်ရုံ အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူနေမှုများလည်းရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article