25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၀ ရက်နေ့ ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၀ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
ရှမ်း-ကရင်နီအစပ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီပူးပေါင်း တပ်ဖွဲ့ကြားဒီက နေ့မနက်ပိုင်း ကစပြီးတိုက်ပွဲပြင်းထန် နေတယ်လို့သိရပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ ကာကွယ်ရေး တပ်ဖွဲ့တို့ ဒီနေ့ မနက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေ ဆုံးနိုင်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း နဲ့ မြန်မာ့တော်ဝင်နဂါး တပ်တော် MRDA ကြား ဧပြီလ ၁၉ ရက်နေ့ဖြစ်တဲ့ မနေ့က ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီးစစ် သား၇ ဦး သေဆုံး ခဲ့တယ် လို့ MRDA က သတင်းထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ကန်ညီနောင် ဘုန်းကြီးကျောင်းမှာ သင်္ကြန်တွင်း ဒုလ္လဘဝတ် နေတဲ့အသက် ၂၁ နှစ်အရွယ် ကိုလင်းထက်ကိုကို ကို ဧပြီလ ၁၂ ရက်နေ့ မနက် ၂ နာရီဝန်း ကျင်ကဝင်ရောက်ဖမ်းဆီး သွားတဲ့သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article