ရန်ကုန်၊ ဧပြီ ၂၁
ရခိုင်ပြည်နယ် ၊ အမ်းမြို့ ၊ အမှတ် (၂) ကုတင် ၃၀၀ ဆံ့ စစ်ဆေးရုံ တဆရ (၂/၃၀၀) တပ်ရင်းမှ ဒုတပ်ကြပ် မြင့်သိန်း သည် စစ်ခေါင်းဆောင်များ၏ မတရား အကြမ်းဖက်သည့် လုပ်ရပ်များကို မလိုလားသည့်အတွက်ဧပြီလ ၁ ရက်နေ့ Chinland Defense Force – Daai ထံသို့ မိသားစုနှင့်အတူ CDM ဝင်ရောက် လာကြောင်း သိရှိရသည်။
CDM လုပ်လာသည့် ဒုတပ်ကြပ်မြင့်သိန်းနှင့်မိသားစုကို နွေးထွေးစွာ ကြိုဆိုပြီး လွက်မြောက်နယ်မြေ တစ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ CDF-Daai အနေဖြင့် အကြမ်းဖက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသဖြင့် (CDM ) ပြုလုပ်၍ ပြည်သူ့ရင်ခွင် ခိုလှုံချင်သူ ပြည်သူ့ တပ်မတော်သားများကို နွေးထွေးစွာ လက်ခံကြိုဆိုသွားမည် ဖြစ်ကြောင်း တရားဝင် ကြေညာချက်ထုတ်ပြန်သည်။