25 C
Yangon

ကလေးမြို့နယ် နန်းကြီးချောင်းရွာကို စစ်တပ်က ဝင်စီးပြီး ငွေကြေး သိန်း ၁ဝဝကျော်နှင့် စားသောက်ကုန် ပစ္စည်းများကို ခိုးယူလုယက်၊ အောင်မင်္ဂလာရွာကိုလည်း စစ်တပ်က ဝင်စီးပြီး ပြည်သူပိုင် ဆန်စက်နှင့် နေအိမ် ၁၃လုံးကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နန်းချောင်းကြီးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၃ ရက်နေ့ နံနက် ၁ဝနာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူများ စုစောင်းထားသော စုဗူးများထဲမှ ငွေကြေး သိန်း ၁ဝဝ ကျော်နှင့် အစားအသောက် ပစ္စည်းများကို ခိုးယူ လုယက်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည့် နန်းချောင်းကြီးရွာအတွင်းသို့ စစ်ကြောင်း ၃ကြောင်းဖြင့် ဝင်ရောက်ခဲ့ပြီး ပျူစောထီးများက လမ်းပြပြုလုပ်ကာ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ရွာထဲကို စစ်သားတွေနဲ့ ပျူစောထီးတွေက တစ်အိမ်ချင်းကို စိတ်ကြိုက် ဖောက်ထွင်းပြီး ခိုးယူသွားတာ ကျွန်တော်တို့မှာက ကိုယ်ရတဲ့ငွေကို ဆယ်ပုံ ပုံရတယ်။ ၁ပုံကို ဘုရားအတွက် ပြန်လှူရတယ်လေ အဲဒီ ပိုက်ဆံတွေကို စုဗူးတွေနဲ့ စုထားတာ အဲတာတွေကို ခိုးယူထားတာ ခန့်မှန်းခြေတော့ သိန်း ၁ဝဝကျော်လို့သိရတယ်။ အတိအကျရေထားတာတော့ မဟုတ်တော့ အဲထက် များနိုင်တယ်။ မကြာခင် မိုင်းရောက်တော့မှာလေ အဲအတွင် ပြည်သူတွေ စုစောင်းထားတဲ့ အစားအသောက် ပစ္စည်းတွေလည်း အကုန် ယူသွားကြတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ကလေးမြို့နယ် အောင်မင်္ဂလာကျေးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၂ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ဆန်စက်နှင့် နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် ပြည်သူပိုင် ဆန်စက်ကို မီးရှို့ မဖျက်ဆီးမှီ စပါး တင်း ၁ဝဝ ကျော်၊ ၁ကောင်ခွဲ မော်တာ ၇လုံံး၊ ၂ကောင်းအား လေအိုး ၁လုံး၊ ကတ်တား ၁ခု၊ ချုပ်စက် ၁ခု၊ ၁၂ဝ ဘတ်ထရီ ၂လုံး၊ 250 W ဆိုလာ ၁ချပ်၊ 1500 w battery charging ၁လုံးတို့ကို ခိုးယူ လုယက်ခဲ့ကာ ဒေသခံပြည်သူများ၏ နေအိမ်များမှလည်း စားသောက်ကုန် ပစ္စည်းများကို လုယက်သွားကြောင်း သိရသည်.

” ဆန်စက်ထဲက သူတို့ လိုတာတွေကို အကုန်လုံးကို စစ်ခွေးတွေက ယူတာ ပြီးမှ မီးရှို့တယ်။ ပြည်သူပိုင် နေအိမ်တွေလည်း တူတူပဲ အကုန်လုံးကို ခိုးယူလုယက်ပြီးမှာ မီးရှို့ဖျက်ဆီးတာ ပြာပဲကျန်တယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article