25 C
Yangon

လှည်းတန်းတွင် လူငယ် ၈ ဦးကို စစ်တပ်က ညအချိန် ဖမ်းဆီး၊ ဒဂုံတက္ကသိုလ် ကျောင်းသား ၅ဦး ပျောက်ဆုံးနေ၊ လူငယ်များကို အကြောင်းမဲ့ ဖမ်းဆီးနေပြီး သန်လျင်မြို့နယ်တစ်ခုလုံးကို ပိတ်ဆို့ နံနက်ပိုင်း ဧည့်စာရင်းစစ်

Must read

ရန်ကုန်၊ ဧပြီ ၂၂

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်တန်းလမ်းတွင် လူငယ် ၈ ဦးကို ယမန် နေ့ ညပိုင်းက အကြမ်းဖက်စစ်တပ်က ညအချိန် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၂၁ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန် လှည်းတန်းလမ်းရှိ “လှည်းကလေး နဲ့ ဒိန်ချည်သယ်” တိုက်မှ လူငယ် ၈ ဦးကို စစ်တပ်က စစ်ယာဉ်တန်းဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ညက လှည်းတန်းမှာ ဝင်ဖမ်းနေတယ်၊ ၈ ယောက်ပါသွားပြီ။လှည်းကလေးနဲ့ ဒိန်ချဉ်တိုက်က လူငယ်တွေ ပါသွားတယ်။ တိုက်ရိုက်လာဖမ်းနေတယ်။ ဒလန် သတင်းပေးကြောင့်ထင်တယ်။ ကမာရွတ်ရဲစခန်း ဗုံး ပေါက်မှုကြောင့် လိုက်ဖမ်းတာထင်တယ်” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ဒဂုံတက္ကသိုလ် ကျောင်းသား ၅ ဦးဖြစ်သည့် ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်နှင့် ဒဂုံတက္ကသိုလ် ကျောင်း သားဟောင်း ကိုဟိန်းထက်တို့သည် ဧပြီလ ၂၁ ရက်နေ့တွင် အဆက်အသွယ် ပြတ်တောက်သွားပြီး အကြမ်းဖက် စစ်တပ်က ဖမ်းဆီးထားခြင်း ဖြစ်နိုင်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။

အဆိုပါ ကျောင်းသား ၅ ဦးသည် ဧပြီလ ၂၁ ရက်နေ့တွင် မိသားစုများ၊ မိတ်ဆွေများနှင့် အဆက်အသွယ် ပြတ်တောက် ခဲ့ပြီးနောက် လိုက်လံ စုံစမ်းမှုများ ပြု လုပ်ခဲ့သော်လည်း မည်သို့မျှ စုံစမ်းမရဘဲ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဧပြီလ ၂၁ ရက်နေ့ညပိုင်းတွင် ကျောင်းသား ၅ဦး အဆက်အသွယ် ပြတ်တောက်သွားပြီး အကြမ်းဖက် စစ်တပ်မှ ဖမ်းဆီးခြင်းကို ခံထားရခြင်း ဖြစ်နိုင်သည်ဟု သံ သယဖြစ်ဖွယ် ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီက သန်လျင်မြို့နယ်တစ်ခုလုံးကို ပိတ်ဆို့ထားပြီး မည်သူကိုမှ အပြင်ထွက်ခွင့်မပေးကြောင်း၊ ဧည့်စာရင်းစစ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ဗိုလ်ချူပ်ရွာကိုမနက်ထဲကနေပိတ်ဆို့စစ်ဆေးနေပါတယ်။ မနက်ပိုင်းကြီး ဧည့်စာရင်း စစ်မယ်လို့သိရပါတယ်။ ဝင်လမ်းထွက်လမ်းအားလုံးကိုအင်အားအလုံးအရင်းနဲ့ပိတ်ဆို့ထားတာပါ။ သန်လျင် ဗိုလ်ချုပ်ရွာသစ် ဘုရားလေးအနီး စခ ကား ၂စီး ဖြင့်လမ်းပိတ်ပြီး အပြင်မထွက်ခိုင်းပါဘူး။ နံနက် ၆နာရီမှာရောက်လာပြီ။ လမ်းတွေအကုန်ပိတ်ဘယ်သူမှ အပြင်မထွက်ခိုင်းသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ရန်ကုန်တွင် စစ်တပ်က လူငယ်မှန်သမျှကို ဖမ်းဆီးလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article