26 C
Yangon

မန္တလေးမှ စစ်ကိုင်းဘက်သို့ ရဲအင်အား ၂၀၀ နီးပါး ယနေ့ ပို့ဆောင်၊ မြစ်ငယ်လမ်းတွင် ကား ၂၄ စီးပါ ရဲယာဉ်တန်း ဖြတ်သန်းနေ

Must read

ရန်ကုန်၊ ဧပြီ ၂၂

မန္တလေးမှ စစ်ကိုင်းဘက်သို့ ရဲအင်အား ၂၀၀ နီးပါးကို ယနေ့ နံနက်ပိုင်း ပို့ ဆောင်ပြီး ရဲယာဉ်တန်းများ ဖြတ်သန်းနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ သတင်းပေးပို့သည်။

“ဒီမနက် ၉ နာရီ ၄၀ မိနစ်အချိန် စစ်ကိုင်း မြစ်ငယ်လမ်းကို ရဲယာဉ်တန်း ဖြတ် သန်းပါတယ်။ သံချပ်ကာ ကား ၁၀ စီး၊ Double Cab ၄ စီး၊ Faw ကား ၁၀ စီး စုစုပေါင်း ၂၄ စီးပါတယ်။ အကုန် ရဲယူနီဖောင်းတွေချည်းပါပဲ။မန္တလေးဘက်ကလာတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ယမန်နေ့ညပိုင်းက အဆိုပါ ရဲအင်အား ၂၀၀ နီးပါးကို ဘုန်းကြီးတစ်ခုနှင့် စာသင်ကျောင်းများတွင် စုစည်းထားရှိခဲ့ပြီး ရိက္ခာများစုဆောင်းခြင်းနှင့် တာလပတ်အုပ်ထားသော ကုန်တင်ကားများ တပ်စွဲထားသော နေရာများသို့ အဝင်အထွက်များပြားကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်ကိုင်တုတ် ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်)

Photo-Shutterstock

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article