25 C
Yangon

ကလေးမြို့၊ ရေရှင်ကျေးရွာ တိုက်ပွဲတွင် သေဆုံးသော ဗိုလ်ကြီးထက်အောင်ခိုင် ၊ ရဲ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ လာမကောက်၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကနယ်မြေရှင်းလင်းစဉ် လက်နက်ခဲယမ်း သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက်တွင် ဧပြီလ ၂၂ ရက်နေ့ ဖြစ်ပွားသော ရေရှင်ကျေးရွာအနီး တိုက်ပွဲတွင် အရာရှိ ၃ ဦးအပါအဝင် စစ်သားနှင့် ပျူစောထီး ၂၀ ခန့် သေဆုံးခဲ့ပြီး စစ်တပ်ဘက်က အလောင်း လာကောက်ယူခြင်းမရှိကြောင်း၊ ဒေသကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် အလောင်းများနှင့် လက်နက်ခဲယမ်းများရရှိကြောင်း ရိန်းဂျားကလေး ကာ ကွယ်ရေးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ကလေးမြို့နယ်တွင် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ RKDF က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သားအလောင်းများနှင့်အတူ စစ်ဘက်သုံးဆိုင်ရာ ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြော်ငး၊ သိမ်းဆည်းရမိသော ပစ္စည်းအချို့မှာ 5.56 ကျည် ၂၂၄ တောင့် ၊ UZI ကျည် ၆၁ တောင့် ၊ UZI ကျည်အိမ် ၂ ခု ၊ Enarga ဗုံးသီး ၃ လုံး ၊ MA ကျည်အိမ် ၄ခု ၊လက်ကိုင်ဖုန်း ၁ လုံး [ယာဥ်ထိန်းရဲဖုန်းဟုထင်ရ] ၊ စကားပြောစက်တလုံး စသော ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ရေရှင်ကျေးရွာတိုက်ပွဲတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးအနက် ခလရ ၈၇ မှ ဗိုလ်ကြီးထက်အောင်ခိုင်၊ တပ်သား ရန်နိုင်ကျော်၊ ရဲဒုတပ်ကြပ် စိုးမင်းသူတို့ ပါဝင်ကြောင်း သိရှိရသည်။

တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူများ ရှိပြီး ဆက်သွယ်ရေးတပ်မှ တပ်သား ညီညီထွန်းနိုင် ၊ ဒကစ(ကလေး)မှ တပ်ကြပ် ဖိုးအေး၊ ထပရ ၉၃၄ မှ တပ်ကြပ် သိုက်စိုး၊ စကခ (၁၀) မှ တပ်ကြပ်ဇော်လွင်၊ စအရ ၉၁၆ မှ တပ်သားတင့်နိုင်ဦး၊ ပျူစောထီးများဖြစ်ကြသည့် အင်းကျွန်းရွာ မှ စိုးမင်းထွေး၊ သန်းနိုင်၊ မန်းကီး၊ ဘဂျမ်း၊ တင်ကိုဦးတို့လည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article