25 C
Yangon

ပေါက်မြို့နယ်၊ ညောင်ရင်းကျေးရွာကို စစ်တပ်က ဝင်စီးနင်းပြီး ဦးဝင်းဦးနှင့်ဦးကျော်မင်းလွင်ကို အနီးကပ်ပစ်သတ်၊ ပြည်သူ ၅ ဦးကို ဖမ်းခေါ်သွားပြီး ပြည်သူ ပိုင် ပစ္စည်းများကို ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၄

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ညောင်ရင်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီး နင်း ပြီး ပြည်သူ ၂ ဦးကို အနီး ကပ်ပစ်သတ်ကာ ပြည်သူ ၅ ဦးကို ဖမ်းခေါ်သွားကြောင်း၊ ပြည်သူပိုင်ပစ္စည်းများကိုလည်း ဖျက်ဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၉၀ ခန့် ရှိသော စစ်တပ်က ညောင်ရင်းကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ် ဝင်ရောက်လာကြောင်း၊ ယင်း နောက် ညောင်းရင်းကျေးရွာ တောင်ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားကြောင်း၊ စစ်တပ်က ကျေးရွာထဲတွင် ဦးဝင်းဦးနှင့် ဦးကျော်မင်းလွင်တို့ကို ဖမ်း ဆီးပြီး အနီးကပ် တေ့၍ ပစ်သတ်သွားကြောင်း၊ ပရဟိတကား တစ်စီး၊ အိမ်စီးကား တစ်စီးနှင့် ဆိုင်ကယ်များကိုလည်း ဖျက်ဆီးသွားကြောင်း၊ပြည်သူ ၅ ဦးကိုလည်း ကြိုးတုပ်ရိုက်နှက်ပြီး ဓားစာခံ လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“စစ်တပ်က ဖမ်းဆီးသွားတဲ့သူ ၅ ဦးထဲက တစ်ဦးကိုတော့ ကျန်းမာရေးမကောင်း လို့ ပြန်လွှတ်ပေးတယ်။ ဦးဝင်းဦးနဲ့ ဦးကျော်မင်းလွင်တို့ကိုတော့ အနီးကပ် ပစ်သတ်တာပါ။ အခြေအနေကတော့ ဆိုးပါတယ်။ ရွာသူရွာသားအားလုံး ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွာထဲ ပြန်မလာရဲသေးဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article