ရန်ကုန်၊ ဧပြီ ၂၄
တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးကားလမ်းမပေါ် မည်သည့်ယာဥ်မှ သွားလာခြင်းမပြုရန် KNDOနှင့်ခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့များကမေတ္တာရပ်ခံတောင်းဆိုလိုက်ကြောင်း သိရှိရသည်။
ဧပြီလ ၂၄ ရက်၊နံနက်ပိုင်း ပကာရီရဲစခန်းကို KNDOနှင့်ခရိုင်ပြည်သူ့ကာကွယ် ရေးဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်စီးနင်းခဲ့၍မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
“ရဲစခန်းမှာရှိနေတဲ့စစ်သားတွေထွက်ပြေးသွားပြီးမီးရှို့ခဲ့တယ်။ခဏအကြာမှာ MPT၊Ooredoo ဆက်သွယ်ရေးဖုန်းလိုင်းများပြတ်သွားခဲ့ပြီးစစ်ကြောင်းထိုးဖို့ပြင်ဆင်နေကြတယ်”ဟု၎င်းကပြောသည်။
ထိုရဲစခန်းမီးရှို့ခံရပြီးနောက်အခင်းဖြစ်ပွားရာအနီးအနားကိုဖက်ဆစ်တပ်သားများအိမ်စီးကားဖြစ်ရောက်လာခဲ့ပြီး ပြန်လှည့်ထွက်ခွာသွားခဲ့ကြောင်းသိရှိရသည်။
အဆိုပါကားလမ်းမကိုအသုံးပြု၍ ဖက်ဆစ်တပ်သားများအင်အားအပြည့်နဲ့စက်လက်နက်ကြီးများသယ်ပို့နေပါသဖြင့်မိဘပြည်သူတို့မသွားလာကြရန် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တာဝန်ခံကမေတ္တာရပ်ခံထားသည်။