ရန်ကုန်၊ ဧပြီ ၂၅
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်၊ ရတနာပုံကျေးရွာအနီး တောတွင်းတနေရာတင် ဧပြီလ ၂၃ ရက် ညနေပိုင်း၌ အကြမ်းဖက်စစ်ကောင် စီတပ်နင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။
ဧပြီလ ၂၃ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် ရောက်ရှိနေသည့်နေရာသို့ ဖက်ဆစ်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ မိနစ် ၃၀ အကြာတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ရဲဘော်များက ပြန်လည်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး စိန်ပြောင်းတခုအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
၂ နာရီခန့်ကြာမြင့်သောတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကော့သောင်းခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဧပြီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ပခုက္ကူမြို့နယ် ကိုင်းကျေးရွာအရှေ့ဘက် ရေကန်ဇရပ်၌ ခေတ္တနားနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်သော မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Myaing PDF)၊ပခုက္ကူမြို့နယ်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)တို့၏ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့သည် ၆၀မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ဦးကျဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ-ကော့သောင်းတွင် စစ်သား ၃ ဦးသေဆုံးသော တိုက်ပွဲအပြီး သိမ်းဆည်းရမိသည့် လက်နက်များ။