25 C
Yangon

ကလေးမြို့နယ်တောင်ပိုင်းတွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ စစ်ကားအကြီး ၂ စီး ပျက်စီးပြီး စစ်သား ၈ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၅

ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းရွာနှင့် စည်သာရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PDF-Kalay၊ VAKOK (CNDF)၊ RKDF၊ ပ.က.ဖ ပူပေါင်းအဖွဲ့ကြားတိုက်ပွဲဖြစ်ပွားပြီး မိုင်းခွဲခံရမှုကြောင့် စစ်ကား ၂ စီးနှင် ဆိုင်ကယ်များ ပျက်စီးခဲ့သလို တိုက်ပွဲအတွင်း စစ်သား ၈ ဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့ နံနက် ၁၀ နာရီ၀န်းကျင်တွင် နတ်ချောင်းရွာမှတဆင့် တောင်ပိုင်းသိုဦးတည်၍ ဆက်လက်ထွက်ခွာလာစဉ် ပူးပေါင်းတပ်ဖွဲများက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၃ နာရီခန့်အထိ ချောင်းခွရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တိုက်ပွဲတွင် ပ.က.ဖ ရဲဘော် ၁ ဦး ကျဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း PDF-Kalay က သတင်းထုတ်ပြန်သည်။

အောင်ချမ်းသာကျေးရွာဘက်သို့ ထွက်ခွာလာသော စစ်ကား ၁ စီးနှင့် ဆိုင်ကယ် ၁၅ စီးကို နေ့လယ် ၁ နာရီခန့်တွင် ပန်းမွန်ချောင်းတံတားအနီး၌ ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ ဆိုင်ကယ်အားလုံး ထိမှန်လဲကျသွားပြီး သေဆုံးမှု များနိုင်ကြောင်း၊ မွန်းလွဲ ၃ နာရီခန့်တွင် ချောင်းခွရွာနှင့် အောင်ချမ်းသာရွာအကြား၌ ထပ်မံမိုင်းဆွဲခံခဲ့ရပြီး စစ်ကားအကြီး ၁ စီး ပျက်စီးကာ စစ်သားအများအပြား သေဆုံးနိုင်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် ယမန်နေ့ညနေပိုင်းမှစတင်၍ နတ်ချောင်းရွာနှင့် ချောင်းခွရွာအတွင်းမှ နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးနေကြောင်း PDF-Kalay က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article