25 C
Yangon

ရှမ်းပြည်နယ်တွင် စစ်တပ် ထုတ်ကုန် မြန်မာဘီယာများ တင်ဆောင်လာသူ ၁ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး သတိပေး ပြန်လွှတ်

Must read

ရန်ကုန်၊ ဧပြီ ၂၅

ရှမ်းပြည် ‌မြောက်ပိုင်း လားရှိုး-မူဆယ်လိုင်းကား ပေါ်တွင် စစ်တပ် ထုတ်ကုန် မြန်မာ ဘီယာများ တင်ဆောင်လာသူ ၁ ဦးကို ဧပြီလ ၂၅ ရက်နေ့ ညနေ ၅နာရီ ၃၈မိနစ်ခန့်တွင် PDF တပ်ဖွဲ့များက ဖမ်းဆီး သတိပေး ပြန်လွှတ်ပေးခဲ့ကြောင်း People security And Defense Army Muse တပ်ဖွဲ့ထံမှ သိရသည်။

လားရှိုး-မူဆယ် လိုင်းကားပေါ်တွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာ သံဗူးဖာ ၅၀ ဖာနှင့် မြန်မာဘီယာ ပုလင်း ၂၀ ဖာအား စုစုပေါင်း ၇၀ ဖာကို ဖမ်းဆီးရမိခဲ့ပြီး ဖျက်ဆီးခဲ့ကြောင်း၊ ယာဉ်မောင်းနှင့်ကားအား နောက်နောင် စစ်ကောင်စီ စီပွားရေး ထုတ်ကုန်များ တင်ဆောင်ခြင်း မပြုလုပ်ရန် သတိပေးပြန်လွှတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်-မူဆယ်၊ မန္တလေး-မူဆယ်၊ လာရှိုး-မူဆယ်‌‌ပြေးဆွဲလျက်ရှိ‌သောလိုင်ကားသမားများအ‌နေဖြင့် စစ်‌ကောင်စီ ထုတ်ကုန်များမတင်ဆောင်ကြရန် တင်‌ဆောင်မှု တွေ့ရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း People security And Defense Army Muse တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article