25 C
Yangon

ဖက်ဆစ် စစ်လော်ဘီ ဟန်ငြိမ်းဦးကြောင့် အဆိုတော်အောင်လနှင့်၀ိုင်းစုခိုင်သိန်းတို့ ပြန်လည် ဖမ်းဆီးခံရ၊ အပြစ်မရှိသော်လည်း အမှုတပ်ရန် ရဲတပ်ဖွဲ့ ဖိအားပေးခံနေရ

Must read

ရန်ကုန်၊ ဧပြီ ၂၆

အဆိုတော်အောင်လနှင့် ၀ိုင်းစုခိုင်သိန်းတို့ကို ဖက်ဆစ်စစ်လော်ဘီ ဟန်ငြိမ်းဦးက ခံဝန်ဖြင့် ပြန်လွှတ်မှုကို ကန့်ကွက်ကြောင်း တယ်လီဂရမ် လူမှုကွန်ရက်တွင် လှုံ့ဆော်ခဲ့ပြီးနောက် ဧပြီလ ၂၅ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ပြန်လည် ဖမ်း ဆီးခဲ့ကြောင်း သိရှိရသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့မှုဖြင့် အဆိုတော်အောင်လနှင့် အဆိုတော်ဝိုင်းစုခုသိန်းတို့ကို စစ်တပ်နှင့်ရဲက ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ခံဝန်ဖြင့် နှစ်ဦးစလုံးကို ပြန်လည် လွတ် မြောက်လာပြီးနောက် ဖက်ဆစ် စစ်တပ်၏ လော်ဘီ ဟန်ငြိမ်းဦးက လွှတ်မပေးသင့်ဟု သူ၏ တယ်လီဂရမ်တွင် ဖိအားပေး ပြောဆို ရေးသား ဖြန့်ဝေမှုများလုပ်ဆောင်ခဲ့သည်။

ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီချိန်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၄ ရပ် ကွက် သရဖီ (၅)လမ်းတွင် နေထိုင်သော အဆိုတော် အောင်လ (ခ) ဇွန်ရဲအောင်လနှင့် မဝိုင်းစုခိုင်သိန်း တို့ကို စစ်တပ် မှ ဒုတိယဗိုလ်မှူးကြီး သန့်ဇော် ဦး ဆောင်သော စစ်တပ်နှင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ရွှေဘ TELEGRAM အကောင့်က အဆို တော်အောင်လနှင့် ဝိုင်းစုခိုင်သိန်းတို့သည် စစ်တပ် ဆန့်ကျင်သူများဖြစ်၍ ဖမ်းဆီးရန် လှုံ့ဆော်ခြင်းကြောင့်ဖြစ်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံခဲ့ရကြောင်း ၊စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အစပိုင်း ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပါဝင်ခြင်းမရှိ၍ နောက်နောင် နိုင်ငံရေးနှင့်ပတ်သက်၍ Online ပေါ်တွင် ရေးတင်ခြင်း မပြုလုပ်ရန် ဝန်ခံကတိဖြင့် အဆိုတော်နှစ်ဦးစလုံး ပြန်လည် လွတ်မြောက်ခဲ့ရာမှ ဧပြီလ ၂၅ ရက်နေ့ ညပိုင်းတွင် ပြန်လည် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိသည်။

“တကယ်က အောင်လရဲ့ ဖေ့ဘုတ်စ် အကောင့်က အဟက်ခံရတယ်ဆိုတာလည်း ပေါ်ပေါက်တယ်။ အဲဒီကနေ နှစ်ဦးစလုံးကို ဒုက္ခရောက်စေမယ့် ပို့စ်တွေ ကို ဟက်သွားသူက တင်ခဲ့တယ်၊ ရှယ်ခဲ့တယ်ဆိုတာလည်း ပေါ်ပေါက်တယ်။ ဒါပေမယ့် ဟန်ငြိမ်းဦးက သူ့တယ်လီဂရမ်ကနေ မဟုတ်တာတွေတင်တော့ လူကြီး တွေက ဖိအားပေးတယ်။ ပြန်စစ်၊ ပြန်ဖမ်းဆိုပြီး အခုက အဲ့ဒီအကောင်လုပ်တာနဲ့ ဒီဘက်က ရဲက ဥပဒေအတိုင်း သွားရမယ့်ဟာတွေ သွားလို့မရ တဲ့ပုံစံဖြစ်လာတာ။ အခုကတော့ စခန်းဘက်မှာ ပြန်စစ်နေတယ်။ အဲဒီအကောင်(ဟန်ငြိမ်းဦး)က အမှုမတပ်၊ တပ်အောင် လုပ်နေတဲ့သဘောဖြစ်တော့ အမှုတပ်ရမယ့် အခြေအနေဖြစ်နေတာပါ။ ရဲဆိုတာက အပြစ်မရှိတဲ့သူ ခံဝန်လုပ်ထားသူကို အမှုတင်ဖို့ မလုပ်ချင်ဘူး” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article