25 C
Yangon

စစ်အာဏာရှင်ကို ဆန့်ကျင်နေသူ မော်ဒယ်သရုပ်ဆောင် မင်းသားဟိန်းထက်၏ အဘိုးကို ပစ်သတ်လိုက်ဟု ရန်ကုန်သွေးသောက်အဖွဲ့ အမည်ခံ ထုတ်ပြန်လာ

Must read

ရန်ကုန်၊ ဧပြီ ၂၈

စစ်အာဏာရှင်ကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်တိုက်ခိုက်နေသူ မော်ဒယ်သရုပ်‌ဆောင် မင်းသား ဟိန်းထက်၏ အဘိုးဖြစ်သူကို ပစ်သတ်လိုက်ကြောင်း ရန်ကုန်သွေးသောက်အဖွဲ့ဟု အမည်ခံထားသော အဖွဲ့က လူမှုကွန်ရက်တွင် ထုတ်ပြန်နေပြီး အမျိုးသားရေးအစွန်းရောက်များနှင့် မဘသများက လူမှုကွန် ရက်များတွင် အောင်ပွဲခံလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာကျေးရွာအုပ်စု ပေါင်းကူးဉာဏရပ်ကွက် ဂန္ဓမာလမ်းနေအိမ်ကို မွန်းလွဲ ၂ နာရီတွင် လူတစ်စုက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး မင်းသားဟိန်းထက်၏ အဘိုးဖြစ်သူ ဦးတင်ဝင်းကို ပစ်သတ်သွားကြောင်း သိရှိရသည်။

“မော်ဒယ်မင်းသားဟိန်းထက်ရဲ့အဖေအိမ်ကို ဒီနေ့ နေ့လယ် ၂ နာရီမှာ သေ နတ်သမားတွေကားနဲ့လာပြီး အိမ်မှာစျေးကူရောင်းပေးနေတဲ့ မင်းသားဟိန်းထက်ရဲ့အဖိုးကို ပစ်တယ်။ သေနတ်နဲ့လေးချက်ငါးချက်လောက် ကားပေါ်ကပစ်သွားတယ်” ဟု ရပ်ကွက်တွင်း နေထိုင်သူတစ်ဦးက ပြောသည်။

မင်းသားဟိန်းထက်၏ အဘိုးဖြစ်သူကို ပစ်သတ်မှုသည် ရန်ကုန်သွေးသောက်အဖွဲ့၏ လက်ချက်ဖြစ် ကြောင်း အမျိုးသားအစွန်းရောက် အောင်ကိုမင်းက ပြောဆိုပြီး ရန်ကုန်သွေးသောက်အဖွဲ့၏ ထုတ်ပြန်ချက်ကိုလည်း ၎င်း၏ လူမှုကွန်ရက်တွင် ပြန်လည် မျှဝေထားသည်။

ရန်ကုန်အခြေစိုက် မဘသ အဖွဲ့ဝင် အမျိုးသားရေးအစွန်းရောက်အဖွဲ့ဝင်တစ်ဦးကလည်း မင်းသားဟိန်းထက်၏ နေအိမ်ကို ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့မှုမှာ မှန်ကန်ကြောင်း ပြောဆိုသည်။

“ဟုတ်တယ်။ ရန်ကုန်သွေးသောက်အဖွဲ့က ဝင်ပစ်တာ” ဟု မဘသအဖွဲ့ဝင်က ပြောသည်။

ရန်ကုန်သွေးသောက်အဖွဲ့က “မင်းသားက မင်းသားအလုပ်မလုပ်ဘဲ ကဲ ဘယ်နဲ့ရှိတုန်း ကိုယ့်လူ မင်းတောထဲက နေ ငိုနေမယ်ထင်တယ်။ မင်းရဲ့ချစ်လှပါတယ်အဖိုးတော့ မင်းအတွက် မက်ဆေ့ ငုံသွားပြီနော် ။ မန်းက အမျိုးတို့ရေ ရန်ကုန်သွေးသောက်အဖွဲ့ ကလည်း လက်စွမ်းထက်တယ်နော်” ဟု ထုတ်ပြန်ထားပြီး ယင်းပို့စ်ကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူများနှင့် မဘသများက ပျော်ရွှင်စွာဖြင့် ကူးယူခြင်း၊ ရှယ်ခြင်းများ ပြုလုပ်နေသည်။

အမျိုးသားရေးအစွန်းရောက် အောင်ကိုမင်းသည် မလေးရှားနိုင်ငံတွင် နေထိုင်ပြီး လင်းယုပရဟိတအဖွဲ့ထူထောင်ကာ ပြည်တွင်းအဖွဲ့များနှင့်ချိတ်ဆက်၍ အမျိုးသားရေးအစွန်းရောက် လှုပ်ရှားမှုများ လုပ်ဆောင်နေသူလည်းဖြစ်သည်။

အမျိုးသားအစွန်းရောက် အောင်ကိုမင်း၏ Facebook လူမှုကွန်ရက်မှာ https://www.facebook.com/profile.php?id=100076404739147 အကောင့်ဖြစ်ပြီး NLD နှင့် စစ်တပ်ဆန့်ကျင်သူများ၏ မိသားစုများနှင့် ဆွေမျိုးများကို သတ်ဖြတ်မည်ဖြစ်ကြောင်း တရားဝင် ခြိမ်းခြောက်လျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article