26 C
Yangon

KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ကျောက်ညပ်ရှေ့တန်းစခန်းကို KNLA တိုက်ခိုက်သိမ်းပိုက်

Must read

ရန်ကုန်၊ ဧပြီ ၂၈

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်း နယ်မြေကျူးကျော်ကာ ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစခန်း ၁ ခုကို KNLA တပ်မဟာ ၅ တပ်ဖွဲ့များက ယနေ့ ဧပြီလ နံနက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိသည်။

“အဲ့စခန်းကို လွန်ခဲ့သော ၂၀၀၀ ခုနှစ်ခန့်က KNLA တက်သိမ်းဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဖူး။ အခုမှ ပြန်ရတယ်၊ ဒါပေမယ့် ဆုံးရှုံးမှု ကြီးတယ်” ဟု ကရင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

စခန်းသိမ်းတိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တပ်ရင်း တပ်ဖွဲ့များဘက်မှ ၁ ဦးကျဆုံး ၁ ဦး ဒဏ်ရာရကြောင်း သတင်းများထွက်ပေါ်နေပြီး ရန်ကုန်ခေတ်သစ်က သီးခြားအတည်မပြုနိုင်သေးပေ။

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းတပ်စခန်းများဖြစ်သော သီးမူထနှင့် သော်လဲထ ရှေ့တန်းစခန်းများကို ယမန်နှစ် ၂၀၂၁ ခုနှစ် မတ်လနှင့် ဧပြီလ တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့နံနက် သိမ်းပိုက်လိုက်သော ကျောက်ညပ်စခန်းသည်လည်း အရေးပါသော စခန်းတခုဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကျောက်ညပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် မယ်နူထာကျေးရွာသို့ လေကြောင်းမှ တဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်ကို ကနဦး မသိရှိရသေးပေ။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁၊ တပ်မဟာ ၂၊ တပ်မဟာ ၅ နှင့် တပ်မဟာ ၆ နယ်မြေအတွင်း ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဆုတ်ခွာရန် စာထုတ် အသိပေးထားပြီး စစ်ကောင်စီက ဆုတ်ခွာခြင်းမရှိခြင်းကြောင့် ထိတွေ့တိုက်ပွဲများ၊ ပြောက်ကျားတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

ဓါတ်ပုံ – ၂၀၂၁ ခုနှစ် မတ်လတွင် သီးမူထစစ်ကောင်စီစခန်းကို KNLA က ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article