25 C
Yangon

ဆားလင်းကြီး ကျားတက်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်၊ ရဲ ၁၀ ဦး သေဆုံးဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၂၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ဧပြီလ ၂၈ ရက် နေ့လယ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကြောင်း စခန်းတွင်းရှိ တဲများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သော်လည်း စက်သေနတ်ရှိသည့် ဘန်ကာကို မကျော်နိုင်၍ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

“ရဲ ၁၀ ဦး သေတယ်လို့ သိရပါတယ်။ ထွက်ပြေးသွားတဲ့ ရဲတွေလည်း ရှိတယ်။ အကုန်လုံးစီးမီပြီး မီးတွေ ရှို့ခဲ့ပါတယ်၊ နောက်ဆုံး စက်လက်ထားတဲ့ ဘန်ကာပဲ ကျန်တော့တာ အခြေအနေအရ စီးထားသမျှ ဖျက်စီးပြီး ပြန်ဆုတ်ခဲ့တာပါ၊ တယောက် ဒဏ်ရာရ မစိုးရိမ် ပါဗျ” ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဆားလင်းကြီး၊ ရေစကြို မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ဘန်ကာကို မကျော်နိုင်လို့ ပြန်ဆုတ်လာတယ်။ လက်နက်တွေ ရ၊ မရ က
မသေချာသေးဘူး၊ ပြန်စစ်နေတုန်းပါခင်ဗျ” ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးက ဆက်လက်ပြောဆိုသည်။

အဆိုပါ ကျားတက်စခန်းသို့ စစ်ကူလာသော စစ်ကောင်စီ ကား ၄ စီးကို ရွှေယမင်းကျေးရွာအနီး ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား ၂ စီး ထိခိုက်ပျက်စီးသွားကြောင်း ရေစကြို PDF တပ်ဖွဲ့ထံမှ သိရှိရသည်။

ဓါတ်ပုံ – မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article