30 C
Yangon

မြန်မာနိုင်ငံ၊ ရဲတံခွန်သဘာ၀ဓာတ်ငွေ့စီမံကိန်းမှ မလေးရှားအစိုးရပိုင် Petronas ကုမ္ပဏီ ရုပ်သိမ်းထွက်ခွာ

Must read

ရန်ကုန်၊ ဧပြီ ၂၉

မြန်မာနိုင်ငံရှိ ရဲတံခွန် သဘာ၀ဓာတ်ငွေ့စီမံကိန်းမှ မလေးရှားအစိုးရပိုင် Petronas ကုမ္ပဏီက ရုပ်သိမ်းထွက်ခွာပြီဖြစ်ကြောင်း ယနေ့ ကုမ္ပဏီကတရားဝင် သတင်းထုတ်ပြန်သည်။

အဆိုပါကြေညာချက်ကို Justice For Myanmar က ကြိုဆိုလိုက်ပြီး မြန်မာ ပြည်သူများနှင့် ကမ္ဘာတဝှမ်းရှိ တက်ကြွလှုပ်ရှားသူများ၏ ဖိအားပေးမှုကြောင့် အကြမ်းဖက် စစ်တပ်နှင့် စီးပွားရေးရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ကို သတိကြီးစွာ ကြိုဆိုကြောင်း၊ ရဲတံခွန်စီမံကိန်းသည် သက်တမ်းကာလ ကုန်ဆုံးလုနီးပါးဖြစ်သဖြင့် Petronas နှင့် ပြည်ပကုမ္ပဏီများအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကောင်းဆုံးကျင့်ထုံးများနှင့်အညီ ဓာတ်ငွေ့လုပ်ငန်းများကို ဖျက်သိမ်းရန် တောင်းဆိုထားသည်။

မြန်မာနိုင်ငံမှ Petronas ကုမ္ပဏီထွက်ခွာရာတွင် စစ်တပ်ထံ ငွေကြေးစီးဆင်းမှုမရှိစေဘဲ ထွက်ခွာရန်လည်း JFM က တောင်းဆိုထားသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ Totalကုမ္ပဏီ၊ အမေရိကန် Chevron ကုမ္ပဏီ အပါအဝင် စွမ်းအင် ကုမ္ပဏီများ အစုလိုက် အပြုံလိုက် ထွက်ခွာနေကြပြီး ယခုနောက်ဆုံး မလေးရှား Petronas ကုမ္ပဏီကပါ မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article