38 C
Yangon

ယင်းမာပင် သီးကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး ပြည်သူပိုင် နေအိမ် ၁၀၀ကျော် မီးလောင် ပြာကျ၊ ရွှေဘို ကျား(တောင်)ရွာ ကိုလည်း စစ်တပ်က မီးရှို့နေ

Must read

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တမာပင်ဂွ၊ ညောင်ပင်ကြီးစုအုပ်စု၊ သီးကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၈ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်ပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် ယင်းမာပင်မြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ပြည်သူပိုင်ဘနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူ လုယက်သွားကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျား (တောင်)ရွာကိုလည်း အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက ယနေ့ ဧပြီလ ၂၉ ရက်နေ့ ညနေ ၅နာရီ ၃၀မိနစ်တွင် မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ကြောင်း နယ်မြေခံ သတင်း ရင်းမြစ်ဖြစ်သော ရွှေဘိုမြေပြင်သတင်းအဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာများအတွင်း လက်ရှိချိန်ထိ ရှိနေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကာ ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ စစ်တပ်သည် စစ်ကားအကြီးတစ်စီးဖြင့် လူအင်အား လက်နက်အပြည်စုံဖြင့် ကျားရွာ ပေါင်းလဲကုန်းရွာနှင့် လက်ယာကုန်းဘက်မျတွင် ကင်းပုန်းများချထားကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခြင်းကြောင့် ပြာကျသွားသော သီးကုန်းရွာမှ ပြည်သူပိုင် နေအိမ်များနှင့် အကြမ်းဖက် စစ်တပ် ဝင်ရောက် မီးရှို့နေသော ရွှေဘို ကျား(တောင်)ရွာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article