28 C
Yangon

ဒီးမော့ဆို၊ မြို့မရပ်ကွက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒီးမော့ဆို PDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၃၀

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့၊ မြို့မရပ်ကွက်တွင် ယမန်နေ့ ဧပြီလ ၂၉ ရက် နံနက် ၁၀ နာရီခန့်၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒီးမော့ဆို Local PDF တပ်ဖွဲ့ ဗျူဟာ ၃ မှ C၊ D၊ E တပ်ရင်းတပ်ခွဲအချို့၊ အလယ်ပိုင်းတိုင်း ၁၁၀၂ ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးခန့် သေဆုံးကာ ၃ ဦးမှာ အပြင်းအထန် ဒဏ်ရာရသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို က သတင်းထုတ်ပြန်သည်။

တိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article