29 C
Yangon

စဉ့်ကူးတွင် NLD ထောက်ခံသူ ရပ်/ကျေးဥက္ကဋ္ဌဟောင်း ဦးဆွေကို သွေးသောက်အဖွဲ့က ပစ်သတ်၊ မင်းမော်ကွန်းမိသားစုနှင့် အစီအစဉ်တင်ဆက်သူ ဦးကျော်သက်လင်းမိသားစုကို ဖမ်းဆီးသတ်ဖြတ်ရန် သွေးသောက်အဖွဲ့နှင့်စစ်လော်ဘီဟန်ငြိမ်းဦးက ကြိုးပမ်းနေ

Must read

ရန်ကုန်၊ဧပြီ ၃၀

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် NLD ထောက်ခံသူ ရပ်/ကျေးဥက္ကဋ္ဌဟောင်း ဦးဆွေကို ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းတွင် သွေးသောက်အဖွဲ့(စဉ့်ကူး)က သတ် ဖြတ်သွားကြောင်း သိရှိရသည်။

ဧပြီလ ၂၉ ရက်နေ့တွင် သွေးသောက်အဖွဲ့(စဉ့်ကူး) အမည်ခံအဖွဲ့က စဉ့်ကူးမြို့နယ် ခူလယ်ကျေးရွာ နေ ယခင် ရပ်ကျေး ဥက္ကဌဟောင်း ဦးဆွေ(အပြစ်မဲ့ပြည်သူ)ကို ဧည့်စာရင်းစစ်ည်ဟုဆိုကာ “ပြည်သူ့စစ်အဖွဲ့ကွ” ဟု ကြွေးကြော်ပြီး သေနတ်ဖြင့် ၃ချက် ပစ်သွားကြောင်း ၊ ဦးဆွေမှာ နေရာတွင်ပင်သေဆုံးသွားကြောင်း ဦးဆွေ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ထို့နောက် သွေးသောက်အဖွဲ့-စဉ့်ကူး လူမှုကွန်ရက်စာမျက်နှာမှ ဦးဆွေကို ပစ်သတ်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

လက်ရှိတွင် သွေးသောက်အဖွဲ့က ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်း(ခ) ကျော်ကျော်ဌေးလွင်၏ ဖခင် ရုပ်ရှင်သရုပ်ဆောင် ဦးဇင်ဝိုင်း၏ မိသားစုကို ဒုက္ခပေးရန် ကြိုးပမ်းလျက်ရှိကြောင်း ၎င်းတို့၏ လူမှုကွန်ရက်များမှတစ်ဆင့် ထုတ်ပြန်ကြေညာလျက်ရှိသည်။

ထို့ပြင် အကြမ်းဖက် စစ်လော်ဘီ ဟန်ငြိမ်းဦးကလည်း စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်နေသော MRTV မှ သတင်းကြေညာသူနှင့်အစီအစဉ်တင်ဆက်သူ ဦးကျော်သက်လင်း၏ မိဘ၊ ဇနီးနှင့် သားသမီး များကို ဖမ်းဆီးသတ်ဖြတ်ရန်၊ အိမ်ကို ချိတ်ပိတ်ရန် လှုံ့ဆော်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article