31 C
Yangon

ရန်ကုန်တွင် တောင်ဒဂုံ ၁၀၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲညွှန့်၊ ရာအိမ်မှူးနှင့် ရဲကင်းမှူးတို့ ၃ ဦး လက်ဖက် ရည်ဆိုင်ထိုင်စဉ် ပစ်သတ်ခံရ

Must read

ရန်ကုန်၊ ဧပြီ ၃၀

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း ၊ ၁၀၄ ရပ်ကွက်မှ စစ်ကောင်စီခန့် နာမည် ဆိုးဖြင့်ကျော်ကြား သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲညွှန့် အပါအဝင် ၃ ဦးသည် ယနေ့နံနက်ပိုင်း လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန် တောင်ဒဂုံမြို့နယ် ၁၀၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲညွန့်၊ ၁၀၄ ရပ်ကွက်၊ ရာအိမ်မှူး၊ ရပ်ကွက် ၂၆ ရဲကင်းမှူး တို့ ၃ ဦး စက်မှုဇုန်၂ထိပ်၊ ကံကော်လဘက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေကြစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“တောင်ဒဂုံ ၁၀၄ အုပ်ကြီးနဲ့အပေါင်းအပါတွေ အပစ်ခံရလို့သေတယ်ကြားတယ်။‌ ထွေအုပ်ရုံးကို အသွား အပစ်ခံရတာ ‌သေပြီ။ သူတို့အိမ်တွေမှာ မသာတွေအတွက် ငိုနေကြပြီ။ အဲဒီရပ်ကွက်က တောင်ဒဂုံမှာ စစ်ဘောအမဆုံးပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အခြားဒေသခံတစ်ဦးကလည်း ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦး သေဆုံးမှုကို အတည်ပြုပြီး အလောင်းများကို သယ်ဆောင်သွားပြီဖြစ်ကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article