29 C
Yangon

ခင်ဦး တပင်ကောင်း(တောင်)ရွာကို စစ်တပ်က ဒုတိယအကြိမ် မီးရှို့နေ၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဧပြီ ၃၀

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တပင်ကောင်း(တောင်)ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဧပြီလ ၃၀ ရက်နေ့ နံနက် ၈နာရီ ၅၅ မိနစ်တွင် ဒုတိယအကြိမ် ဝင်ရောက်စီးနင်း မီးရှို့နေသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် တပင်ကောင်း(တောင်)ရွာကို ဧပြီလ ၂၉ရက်နေ့ ညပိုင်းကလည်း ဝင်ရောက် စီးနင်း မီးရှို့ခဲ့ကာ ပြည်သူပိုင် နေအိမ် ၅၀ကျော် မီးလောင်ပြာကျခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က ထပ်မံရောက်ရှိလာပြီး ပြည်သူပိုင် နေအိမ်များကို ဆက်လက် မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

” ယမန်နေ့ ညနေပိုင်းလောက်က အကြမ်းဖက် စစ်ခွေးတွေ တပ်သား ၁၀၀လောက်နဲ့ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ပြီး ရွာကို ဝင်စီး မီးရှို့တာ အိမ်ခြေ ၅၀လောက် ပြာကျသွားတယ်။ ဒီနေ့ နံနက်ပိုင်းလောက်မှာ ရွာသားတွေ ကျေးရွာထဲကို ပြန်လာချိန် စစ်ခွေးတွေက ထပ်ရောက်လာပြီး မီးရှို့နေတယ် ရွာလုံးကျွတ်ကို ထွက်ပြေးနေရတယ်”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article