35 C
Yangon

စစ်အာဏာသိမ်းမှုကြောင့် မလေးရှား Petronas နှင့်အတူ ထိုင်း PTTEP ကလည်း မြန်မာနိုင်ငံ ရဲတံခွန်သဘာ၀ဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်၊ ရတနာဓာတ်ငွေ့စီမံကိန်းကိုမူ PTTEP ဆက်လက် လုပ်မည်ဟု ကြေညာခဲ့

Must read

ရန်ကုန်၊ ဧပြီ ၃၀

စစ်အာဏာသိမ်းမှုကြောင့် မလေးရှား Petronas နှင့်အတူ ထိုင်း PTTEP ကလည်း မြန်မာနိုင်ငံမှ ရဲတံခွန်သဘာ၀ဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်ကြောင်း တရားဝင်ကြေညာလိုက်သည်။

ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွင် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ၂၀ ဒသမ ၅ ရာခိုင်နှုန်း၊ ဂျပန် Nippon Oil ၁၉ ဒသမ ၃ ရာခိုင်နှုန်း၊ ထိုင်း PTTEP ၁၉ ဒသမ ၃ ရာခိုင်နှုန်းတို့ ပိုင်ဆိုင်ကြပြီး Petronas ၄၀ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းစု PTTEP နှင့် မလေးရှားနိုင်ငံမှ Petronas တို့သည် အာဏာသိမ်းမှု ခံခဲ့ရသော မြန်မာနိုင်ငံတွင် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ နုတ်ထွက်ကြောင်း ယနေ့ ကြေညာခဲ့သည်။

ယမန်နှစ် စစ်တပ်က အာဏာသိမ်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ နောက်ဆက်တွဲ စွပ်စွဲချက်များကြောင့် Chevron နှင့် TotalEnergies အပါ အဝင် မြန်မာနိုင်ငံက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကုမ္ပဏီများ အစုအပြုံလိုက် အစုအပြုံလိုက် ထွက်ခွာနေကြခြင်းဖြစ်သည်။

“နုတ်ထွက်မှုဟာ နိုင်ငံအတွက် စွမ်းအင်လုံခြုံရေးကို အထောက်အကူပြုတဲ့ ပရောဂျက်တွေကို ပြန်လည်အာရုံစိုက်ဖို့ ကုမ္ပဏီရဲ့ အစုရှယ်ယာ စီမံခန့်ခွဲမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်” ဟု PTTEP အမှုဆောင်အရာရှိချုပ် Montri Rawanchaikul က ပြောဆိုသည်။

PTTEP က ၎င်း၏ အစုရှယ်ယာများကို ကုန်သွယ်မှုတန်ဖိုးမရှိဘဲ ကျန်ရှယ်ယာရှင်များထံ အချိုးကျခွဲဝေပေးမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများ အတည်ပြုချက်ရယူပါက ထိရောက်မည်ဟု ဆိုသည်။

ထိုင်း PTTEP သည် ရဲတံခွန်စီမံကိန်းကို ၂၀၀၃ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့ပြီး “ပြောင်းလဲနေသောစက်မှုလုပ်ငန်းပတ်ဝန်းကျင်နှင့် အရှိန်အဟုန်မြှင့်စွမ်းအင်အကူးအပြောင်း” ကိုလိုက်လျောညီထွေဖြစ်စေရန်အတွက် “ပိုင်ဆိုင်မှု ကျိုးကြောင်းဆီလျော်မှုဗျူဟာ” ၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PTTEP သည် ဇန်နဝါရီလတွင် Chevron နှင့် TotalEnergies တို့ နုတ်ထွက်ပြီးနောက် မြန်မာနိုင်ငံ၏ အရေးပါသော ရတနာဓာတ်ငွေ့စီမံကိန်းကို လွှဲပြောင်းယူမည်ဟု PTTEP က မတ်လတွင် ပြောကြားခဲ့သော်လည်း ရဲတံခွန်စီမံကိန်းမှ နုတ်ထွက်ခွာလိုက်ခြင်းဖြစ်သည်။

ကပ္ပလီပင်လယ်ပြင်ရှိ ရတနာဓာတ်ငွေ့တွင်းသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အား လျှပ်စစ်ဓာတ်အား ပေးဆောင်လျက်ရှိပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ထက်မနည်း ထုတ်ပေးနေသည့် စစ်ကောင်စီအတွက် အကြီးဆုံး နိုင်ငံ ခြား ၀င်ငွေ ရင်းမြစ်ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။ .

British American Tobacco နှင့် ပြင်သစ်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီ Voltalia အပါအဝင် အခြားနိုင်ငံတကာကုမ္ပဏီများသည်လည်း ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလကတည်းက မြန်မာနိုင်ငံမှ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article