35 C
Yangon

မင်းအောင်လှိုင် စီမံချက်ဖြစ်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့ဖို့ အောက်ခြေမှာ စတင်လုပ်ဆောင်၊ လိုအပ်တဲ့ လက်နက်တွေ တပ်ဆင်မယ်လို့ ဇော်မင်းထွန်းကပြော

Must read

ရန်ကုန်၊ ဧပြီ ၃၀

မင်းအောင်လှိုင်စီမံချက်ဖြစ်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့ဖို့ မြို့နယ်၊ ရပ်ကွက်တွေမှာ စတင် လူစုနေပြီး ဖွဲ့စည်းမှုတွေ လည်း စတင်လုပ်ဆောင်လာနေပြီဖြစ်ပါတယ်။

မဘသ၊ YMBA ၊ ပြည်သူ့စစ်၊ ရဲ၊ စစ်မှုထမ်းဟောင်း ၊ ကြက်ခြေနီ၊ မီးသတ် အပါအဝင် စစ်တပ်ထောက် ခံသူတွေ ပါဝင်တဲ့ ပြည်သူ့လုံခြုံရေး အမည်ခံအဖွဲ့တွေ စမ်းသပ် ဖွဲ့စည်းဖို့ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၃ ရက်နေ့ ကျင်းပပြုလုပ်တဲ့ စစ်ကောင်စီ လုံခြုံရေးအစည်း အဝေးတွေမှာ လျှို့ဝှက်ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။

အခုတော့ အဲဒီညွှန်ကြားချက်အတိုင်း ရပ်ကွက်တိုင်းမှာ လူ ၂၀ ဦးပါဝင်တဲ့ လုံခြုံရေးအဖွဲ့စာရင်းတွေကို စစ်တပ်က ဧပြီလ ၂၈ ရက်နေ့မှာ စတင်ကောက်ခံနေပြီဖြစ်ပါတယ်။

လူစာရင်းကို ရပ်ကွက်အလိုက် မဖြစ်မနေ ပေးရမယ်လို့ သိရှိရပြီး လူ ၂၀ မှာ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်း၊ ဌာနဆိုင်ရာဝန်ထမ်းဟောင်း၊ ပြည်သူ့စစ်၊ ရပ်ရွာအကျိုးလိုလားသူ၊ ပရဟိတအဖွဲ့ဝင်တွေ၊ ဘာသာရေးအဖွဲ့တွေ၊ အရန်မီးသတ်၊ ကြက်ခြေနီတွေ ပါဝင်ရမယ်လို့ အမိန့်ထုတ်နေပါတယ်။

အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းကတော့ ပြည်သူတွေပါဝင်မယ့် ပြည်သူ့လုံခြုံရေးစနစ် အကောင် အထည်ဖော်နေပြီး ဒီစနစ်ကြောင့် အကြမ်းဖက်မှုတွေ လျှင်မြန်စွာချုပ်ငြိမ်းသွားမှာဖြစ်တဲ့အကြောင်း၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို လက်နက်နဲ့ လိုအပ်တာတွေ တပ်ဆင်ပေးမယ်လို့ ဧပြီလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article