25 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: April, 2022

ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက်ဖက်ဆစ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၂၅ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်းဖက်ဖက်ဆစ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို ယနေ့ ဧပြီ ၂၅ တွင် ပြုလုပ်ခဲ့သည်။

KNU တပ်မဟာ ၂၊ KNDO တပ်ရင်း ၄ နယ်မြေရှိ ကျီးချောင်းနှင့် ကိုးဒေးစစ်ကောင်စီစခန်းများ ၁၅ ရက်အတွင်း စခန်းများ ရုတ်သိမ်းရန် KNDO ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂၅ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂တောင်ငူခရိုင်၊ KNDO တပ်ရင်း ၄ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်က နယ်မြေကျူးကျော်တပ်စွဲထားသော ကျီးချောင်းစခန်းနှင့် ၄၈ မိုင် ကိုးဒေးစခန်းများမှ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ ၁၅ ရက်အတွင်း တပ်စခန်းများရုတ်သိမ်းရန် KNDO တပ်ရင်း ၄ က...

မန္တလေးတွင် သွေးသောက်အဖွဲ့ အမည်ခံ၍ စစ်တပ်နှင့်ရဲက NLD ပါတီဝင်များကို ဦးတည်သတ်ဖြတ်ပြီး ရဲကားများဖြင့် အလောင်းပစ်၊ ယမန်နေ့ တစ်ရက်တည်း နှစ်ဦးအသတ်ခံရပြီး NLD ပါတီဝင်နှင့် တက်ကြွလှုပ်ရှားသူများ၏ မိသားစုများကို ဦးတည်သတ်ဖြတ်မည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဧပြီ ၂၅ မန္တလေးတွင် သွေးသောက်အဖွဲ့ အမည်ခံ၍ စစ်တပ်နှင့်ရဲက NLD ပါတီဝင်များကို ဦးတည်သတ်ဖြတ်ပြီး ရဲကားများဖြင့် အလောင်းပစ်သွားကာ ယမန်နေ့ဧပြီလ ၂၄ ရက်နေ့ တစ်ရက်တည်း ပြည်သူ နှစ်ဦးအသတ်ခံရကြောင်း သိရှိရသည်။ဧပြီလ ၂၄ ရက်နေ့တွင် မန္တလေးမြို့ရှိ NLD ပါတီဝင်နှင့်...

လောင်းလုံးမြို့နယ်အတွင်း ကျေးရွာသပိတ်များ ပြန်လည်နိုးထလာကြဖို့တတိယအကြိမ်လမ်းပေါ်ထွက်နှိုး‌ဆော်

ဧပြီလ၂၅ရက်၊လောင်းလုံးမြို့နယ်။ လောင်းလုံးမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂမှဦး‌ဆောင်ကာ ကျေးရွာအသီးသီးမှ ပြည်သူများပူးပေါင်းပြီး ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် ကျေးရွာ( ၄ )ရွာကိုဆိုင်ကယ်ဖြင့်ပတ်ပြီး ကျေးရွာသပိတ်များပြန်လည်နိုးထဖို့အတွက် ဆိုင်ကယ်သပိတ်ဖြင့်တတိယအကြိမ်လမ်းပေါ်ထွက်နှိုးဆော်ရင်းစစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြသည်။

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီတွင် တော်လှန်ရေးရန်ပုံငွေပွဲတော် ဒေါ်လာ ၁ သိန်းခွဲနီးပါး ရရှိ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်

ရန်ကုန်၊ ဧပြီ ၂၅ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်တွင် ဧပြီလ ၂၄ ရက်နေ့ (မြန်မာစံတော်ချိန် ဧပြီလ ၂၅ ရက်နေ့) ကျင်းပသည့် နွေဦးတော်လှန်ရေးရန်ပုံငွေပွဲတော်တွင် အမေရိကန် ဒေါ်လာ ၁ သိန်းခွဲနီးပါး ရရှိကြောင်း သိရှိရသည်။(Helping Hands for Burma) နွေဦးအတွက်...

Khit Thit သတင်းဌာန၏ ဧပြီ ၂၅ ရက်နေ့ မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၂၅ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့-စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက်မှာ ဧပြီလ ၂၂ ရက်နေ့က ရေရှင်ကျေးရွာအနီး ဖြစ်ပွားတဲ့ တိုက်ပွဲ မှာ အရာရှိ ၃ ဦးအပါအဝင် စစ်သားနဲ့ ပျူစောထီး ၂၀ ခန့် သေဆုံးခဲ့ပြီး စစ်တပ်ဘက်က...

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများ၏ တရားခံ မင်းအောင်လှိုင်နှင့် ဖက်ဆစ် စစ်တပ်ထံမှ မည်သည့်ငြိမ်းချမ်းရေးမှ မရနိုင်ပါ

By ရန်ကုန်ခေတ်သစ် အယ်ဒီတာ့အာဘော်============စစ်ခေါင်းဆောင်ရာထူးမှ အငြိမ်းစားယူရတော့မည့်အချိန်တွင် အာဏာမစွန့်လိုသော မင်းအောင်လှိုင်သည် စစ်တပ်ကို ခုတုံးလုပ်၍ နိုင်ငံတော်အာဏာကို လူထုအစိုးရထံမှ အတင်းအဓမ္မ အာဏာသိမ်းယူခဲ့သည်မှာ ၁ နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။ အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း မင်းအောင်လှိုင်နှင့်စစ်တပ်သည် အာဏာအတွက် ပြည်သူ လူထု အပါအဝင် မည်သူကို မဆို...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၇ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၄ ဧပြီလ ၂၄ ရက်နေ့ မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၇ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို စုစည်းပေါင်းစု၍ အကြမ်းဖက် စစ်သား သေဆုံးမှု အခြေအနေကို ဖော်ပြခြင်းဖြစ်ပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် မြေပြင်အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိပေ။

နွားထိုးကြီး-တောင်သာလမ်းတွင် စစ်တပ်ထုတ်ကုန်များ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် ပစ္စည်း သယ်ယူခြင်းမပြုရန် နွားထိုးကြီး PDF က စစ်ဆေး

ရန်ကုန်၊ ဧပြီ ၂၄ မန္တလေးတိုင်း၊ နွားထိုးကြီး-တောင်သာလမ်းတွင် စစ်တပ်ထုတ်ကုန်များ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် ပစ္စည်း သယ်ယူခြင်းမပြုရန် နွားထိုးကြီး PDF က စစ်ဆေးလျက်ရှိကြောင်း အဆိုပါ အဖွဲ့က တရားဝင်သတင်းထုတ်ပြန်သည်။ဧပြီလ ၂၄ ရက်နေ့မှစတင်၍ NPDF အဖွဲ့သားများက စစ်တပ် ထုတ်ကုန်များ၊မူးယစ်ဆေးဝါးများနှင့်တရားမ၀င်ပစ္စည်းများကို အထူးစစ်ဆေးအရေးယူရန်...

စစ်တပ်၏ အဓိက ဝင်ငွေဖြစ်သည့် ရေနံနှင့်သဘာ၀ဓာတ်ငွေ့ ရငွေများ ဖြတ်တောက်ရေး ပြည်သူများ ပါဝင် လက်မှတ်ရေးထိုးရန် မေတ္တာရပ်ခံတိုက်တွန်း

ရန်ကုန်၊ ဧပြီ ၂၄ စစ်တပ်ရဲ့ အဓိက ဝင်ငွေဖြစ်တဲ့ ရေနံနဲ့သဘာ၀ဓာတ်ငွေ့ ရငွေများ ဖြတ်တောက် ရေး ပြည်သူတွေ ပါဝင် လက်မှတ်ရေးထိုးရန် မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါတယ်။သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က စစ်အုပ်စုရဲ့ ပင်မငွေအရင်း အမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန်အစိုးရအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရေး တောင်းဆိုတဲ့...

Latest news

- Advertisement -spot_img