25 C
Yangon

စစ်တပ်၏ အဓိက ဝင်ငွေဖြစ်သည့် ရေနံနှင့်သဘာ၀ဓာတ်ငွေ့ ရငွေများ ဖြတ်တောက်ရေး ပြည်သူများ ပါဝင် လက်မှတ်ရေးထိုးရန် မေတ္တာရပ်ခံတိုက်တွန်း

Must read

ရန်ကုန်၊ ဧပြီ ၂၄

စစ်တပ်ရဲ့ အဓိက ဝင်ငွေဖြစ်တဲ့ ရေနံနဲ့သဘာ၀ဓာတ်ငွေ့ ရငွေများ ဖြတ်တောက် ရေး ပြည်သူတွေ ပါဝင် လက်မှတ်ရေးထိုးရန် မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က စစ်အုပ်စုရဲ့ ပင်မငွေအရင်း အမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန်အစိုးရအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရေး တောင်းဆိုတဲ့ လူထုလက်မှတ်ကောက်ခံမှုမှာပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။

ရရှိတဲ့ လက်မှတ်အရေအတွက်တွေကို သမ္မတဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရကိုပေးပို့တဲ့ အိတ်ဖွင့်ပေးစာနဲ့သီးခြားစာများတွင်ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပြီး ပြည်သူလူထုရဲ့ဆန္ဒကိုထင်ဟပ်စေဖို့ကောက်ခံတာပဲဖြစ်ပါတယ်။

မေလ (၄) ရက်နေ့နောက်ဆုံးထားပြီး လက်မှတ်ထိုးပေးဖို့နဲ့ လက်မှတ်အရေအတွက် (၃)သိန်းထပ်မံရရှိမယ်လို့မျှော်လင့်ထားကြောင်းလည်း သွေးစွန်းငွေလှုပ်ရှားမှုမှတဆင့်သိရပါတယ်။

လက်မှတ်ထိုးဖို့အတွက် အောက်ပါလင့်တွေမှာ ဝင်ရောက် လက်မှတ်ထိုးနိုင်ပါတယ်။

အမေရိကန်သမ္မတထံပေးပို့မယ့် လှုပ်ရှားမှုအတွက် လက်မှတ်ရေးထိုးရန်

President Biden: Stop oil companies from bankrolling the Myanmar Military
http://bitly.ws/quS5

အမေရိကန်နှင့် ပြင်သစ်ထံပေးပို့မယ့် လှုပ်ရှားမှုအတွက် လက်မှတ်ရေးထိုးရန်
Governments of the United States and France – STOP blocking! We want sanctions on Myanmar’s oil and gas revenues!
https://bit.ly/oilgasmyanmar

အမေရိကန်သမ္မတနဲ့ ပြင်သစ်သမ္မတထံ ပေးပို့မယ့် လှုပ်ရှားမှု အတွက် လက်မှတန်ထိုးရန်
Biden and Macron to stop blocking on Sanction gas revenue
https://bit.ly/3I8KM5q

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article