30.6 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: April, 2022

ယင်းမာပင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၃ ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်းရှိ ပြည်သူများ စုပေါင်း၍ ၃၈၉ ရက်မြောက်နေ့ ရွာပေါင်းစုံသပိတ် စစ်ကြောင်းကို ယနေ့ ဧပြီ ၄ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ကာ ပြည်သူပိုင်နေအိမ်များကို မီးတင်ရှို့

ရန်ကုန်၊ ဧပြီ ၃ စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် ၊ ငါးကြီးတင်းကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ အင်အား ၈၀ ခန့်သည် ယနေ့ ဧပြီ ၃ ရက်နေ့ မနက် ၈ နာရီဝန်းကျင်တွင် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ကာ ပြည်သူများ နေအိမ်ကို မီးတင်ရှို့နေကြောင်း...

Khit Thit အပါအဝင် သတင်းဌာနများ၏ သတင်းများကို စစ်တပ်က FACT CHECK အဖွဲ့ထူထောင်ပြီးသတင်းမှားဟု ဝါဒဖြန့်၊ FACT CHECK ၏ စစ်တမ်းများကို စစ်တပ်အတွင်းနှင့် ကျောင်းသားကျောင်းသူများထံ လစဉ်ဖြန့်ဝေ

ရန်ကုန်၊ ဧပြီ ၃ အကြမ်းဖက်စစ်တပ်က FACT CHECK ဟု အမည်ပေးထားသည့် အဖွဲ့တစ်ခုကို လူမှုကွန်ရက်တွင် ထူထောင်ပြီး Khit Thit သတင်းဌာနအပါအဝင် သတင်းဌာနများက တင်ဆက်သည့် သတင်းများကို သတင်းမှားဟု ဝါဒဖြန့်ချိကာ အဆိုပါအဖွဲ့၏ လအလိုက် စစ်တမ်းများ ဌာနဆိုင်ရာများက မိတ္တူကူးထုတ်ပြန်ခြင်း၊...

စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင် သင်္ကြန်ပွဲကို မပူးပေါင်းဘဲ သပိတ်မှောက်ကြရန် ပြည်သူလူထုကို GSCB တိုက်တွန်းနှိုးဆော်

ရန်ကုန်၊ ဧပြီ ၃ အကြမ်းဖက်စစ်ကောင်စီက စီစဉ်နေသည့် အတုအယောင် 'အပျော်သင်္ကြန်နှင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွှင်ပွဲအစီအစဉ်များကို လုံးဝ မပူးပေါင်း၊ မပါဝင်ခြင်းဖြင့် သပိတ်မှောက်ကြရန် ပြည်သူလူထုကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က တိုက်တွန်းနှိုးဆော်သည်။တော်လှန်ရေးအတွင်း ကျဆုံးလေပြီးသော အာဇာနည်ပုဂ္ဂိုလ်များ၊ အဓမ္မ ဖမ်းဆီးခံထားရသော အကျဉ်းကျ သူရဲကောင်းများ၊ အပိုမပါ...

ဘူဆန်မြို့တွင် မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး ကိုးရီးယား-မြန်မာပူးပေါင်းဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၃ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် ဒယ်ဂူးဆရာတော် ဦဂဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထောက်ခံကြိုဆိုရေး ယနေ့ ဧပြီလ ၃ ရက်နေ့တွင် ဆန္ဒပြကြသည်။ဆန္ဒပြပွဲတွင် တောင်ကိုရီးယားနိုင်ငံသားများပါ ပူးပေါင်းပါဝင်ပြီး မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် တောင်ကိုရီးယားပေါ်စကို...

ခင်ဦးတွင် စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ၁ ဦးသေပြီး အများအပြား ဒဏ်ရာရ(ရုပ်/သံ)

ရန်ကုန်၊ ဧပြီ ၃ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ရွာရှိ စစ်တပ်နှင့်ပျူစောထီးများ၏ ပူးပေါင်းစခန်းကို ဧပြီလ ၂ ရက်နေ့တွင် Royal Tiger Guerrilla Force အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း အဆိုပါအဖွဲ့က ပြောဆိုသည်။ https://youtu.be/CPj0jwiooh4

နတ်မောက်၊ကုလားရှင်စံပြကျေးရွာ၊ ဝိဇ္ဇာမဟိဒ္ဂိကျောင်းမှ အရှင် ဝီရိယာစာရ (ပထမကြီးတန်း) ကို စစ်ကောင်စီက အတင်းအဓမ္မလူဝတ်လဲ ဖမ်းဆီးခေါ်ဆောင်

ရန်ကုန် ၊ ဧပြီ ၂ မကွေးတိုင်း နတ်မောက်မြို့နယ် ကုလားရှင်စံပြကျေးရွာ ဝိဇ္ဇာမဟိဒ္ဓိကျောင်းတွင် သီတင်းသုံးနေသည့် အရှင် ဝီရိယာစာရ (ပထမကြီးတန်း) ကို ဧပြီလ ၁ ရက်နေ့ည ၇ နာရီ ခွဲအချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ သိက္ခာမချဘဲ အတင်းအဓ္ဓမလူဝတ်လဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း...

ပြည်သူနှင့်အတူ ပူးပေါင်းလာသော ခမရ ၅၈၅ ဒု- တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင်က ၎င်း ဆိတ်လစေ့မဟုတ်ဘဲ မင်းအောင်လှိုင်က ပြည်သူကို ရန်သူအဖြစ်သတ်မှတ်သည့်အပြင် ရဲဘော်များ၏ဘ၀ကို စတေးနေဟုဆို

ရန်ကုန်၊ ဧပြီ ၃ ကရင်အမျိုးသားအစည်းအရုံး KNU ထံဝင်ရောက်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းလာသော ခမရ ၅၈၅ ဒု- တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင်က ၎င်း ဆိတ်လစေ့မဟုတ်ဘဲ မင်းအောင်လှိုင်က ပြည်သူကို ရန်သူအဖြစ်သတ်မှတ်သည့်အပြင် ရဲဘော်များ၏ဘ၀ကို စတေးနေဟုဆို ပြောဆိုလိုက်သည်။NUG အစိုးရ၏ ပြန်ကြားရေး...

Khit Thit သတင်းဌာန ဧပြီ ၃ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၃ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။ https://youtu.be/FJf4IW6K0hQ

မြောင်မြို့နယ်၊ ရွှေလှံရွာနှင့်မြစ်ဆုံရွာအကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ၄ ဦး သေဆုံး၊ မုံရွာစီးပွားရေးတက္ကသိုလ်ကို PDF တပ်ပေါင်းစုက ပစ်ခတ်တိုက်ခိုက်မှု စစ်သားနှင့်ရဲ ၁၀ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဧပြီ ၂ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေလှံရွာနှင့်မြစ်ဆုံရွာအကြားတွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း မြောင်ဒေသမှ တော်လှန်ရေးအဖွဲ့တချို့ထံမှ သိရှိရသည်။ ဧပြီလ ၂ ရက်နေ့ မြောင်မြို့နယ်၊ ရွှေလှံရွာနှင့် မြစ်ဆုံရွာအကြားတွင် ထိတွေ့မှုဖြစ်ပွားကြောင်း၊ စစ်တပ်က ၆၀...

Latest news

- Advertisement -spot_img