25 C
Yangon

မြောင်မြို့နယ်၊ ရွှေလှံရွာနှင့်မြစ်ဆုံရွာအကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ၄ ဦး သေဆုံး၊ မုံရွာစီးပွားရေးတက္ကသိုလ်ကို PDF တပ်ပေါင်းစုက ပစ်ခတ်တိုက်ခိုက်မှု စစ်သားနှင့်ရဲ ၁၀ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေလှံရွာနှင့်မြစ်ဆုံရွာအကြားတွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း မြောင်ဒေသမှ တော်လှန်ရေးအဖွဲ့တချို့ထံမှ သိရှိရသည်။

ဧပြီလ ၂ ရက်နေ့ မြောင်မြို့နယ်၊ ရွှေလှံရွာနှင့် မြစ်ဆုံရွာအကြားတွင် ထိတွေ့မှုဖြစ်ပွားကြောင်း၊ စစ်တပ်က ၆၀ မမ လက်နက်ကြီး အလုံး၃၀ ကျော်ဖြင့်ပစ်ခတ်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုန်းများဖြင့် ပြန်လည်ပစ်ခတ်ရာ စစ်တပ်ဘက်မှ ၄ ဦး ကျဆုံးကြောင်း၊ ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။

“သူတို့ဘက်က ၄ ယောက်ကျတယ် ၊ ဒဏ်ရာရတဲ့ လူတွေလည်းရှိတယ်။အခု မြစ်ဆုံရွာမှာ ဒီကောင်တွေ တပ်စွဲထားတယ်ဗျ CDSOM အပါအဝင် မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ကြတာပါ။ မနက်ဖြန်လည်း ထိတွေ့မှုဖြစ်နိုင်ပါသေးတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် People’s Defence Force – South Monywa နှင့် Black Dragon Special Task Force တို့က ဦးဆောင်၍ Golden Eagle Force၊ Knights Of The Red Land၊ Naung Yoe LDF၊ Monywa Fighter Group (MFG)၊ ပတ္တမြားညီနောင် တပ်ဖွဲ့များက မုံရွာ စီးပွားရေးတက္ကသိုလ်တွင် သင်္ကြန်အတွက် အကတိုက်ရန် ပြင်ဆင်နေမှုများ၊ လုံခြုံရေးယူထားသော စစ်တပ်နှင့်ရဲများကို ရှော့တိုက်ဒုံး ၁၀ လုံး၊ ၄၀ မမ ၁၅ လုံး၊ ၆၀ မမ ၂လုံး ၊ နာနာသီး ၁၅ လုံးအပါအဝင် လူအင်အား ၄၀ ခန့်ဖြင့် ဝင်တိုက်ခဲ့ကြောင်း၊ စစ်သားနှင့်ရဲ ၁၀ ဦးနှင့် ၁၅ ဦးအကြား သေဆုံးနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article